လာမည့် ၄၈ နာရီအတွင်း တိုင်းနဲ့ ပြည်နယ် အချို့မှာ မိုးရွာမည်

လာမည့် မေလ ၃ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ်အချို့မှာ အပူလျော့မိုးတွေရွာသွန်းမယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ စုစုစံက ပြောပါတယ်။

စုစုစံက “ မေလ ၃ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း ၊မန္တလေးတိုင်း ၊ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ နေရာကွက်ကျားထစ်ချူန်းမိုးတွေ ရွာသွန်းနိုင်ပြီး ချင်းပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်” လို့ ဒီကနေ့ မေလ ၁ ရက်နေ့ နံနက်ပိုင်းက‌ ပြောပါတယ်။

အထူးသဖြင့် မေလ ၃ရက်နေ့တွင် ကလေးခရိုင် မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင်၊ ကျောက်မဲခရိုင်၊ လားရှိုးခရိုင်၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ မိတ္ထီလာခရိုင်ဒေသတွေမှာ –

” နေရာကွက်ကျား မိုးထစ်ချူန်းရွာနိုင်သလို လေပြင်ထန်ခြင်း လျှပ်စီးမိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်းမိုးသီးကြွေခြင်း စတဲ့အန္တရာယ်များရှိပါတယ်” လို့လည်း စုစုစံက သတိပေး ပြောကြားထားပါတယ်။

မိုး/ဇလကလည်း မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။