COC ဂိမ်းထဲမှာ Barbarian King အဖြစ် စိတ်လှုပ်ရှားစရာ ပါဝင်လာတဲ့ မန်စီးတီး တိုက်စစ်မှုး ဟာလန်း
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန် ကတော့ Clash of Clans ဂိမ်းမှာ Barbarian King အဖြစ် ပါဝင်လာတယ်လို့ သိရပါတယ်။
ပရိသတ်တွေ ကတော့ ဗုဒ္ဓဟူးနေ့က စလို့ ဂိမ်းထဲမှာ ဟာလန်းကို စမ်းသပ်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဟာလန်းဟာ အဆိုပါဂိမ်းထဲမှာ အထူးစစ်သားအဖြစ် ပါဝင်လာမှာဖြစ်သလို medal events အဖြစ်လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။
COC ရဲ့ကာလရှည် ပရိသတ်တွေအတွက်တော့ ဟာလန်း ပါဝင်လာတယ်ဆိုတဲ့ သတင်းက သတင်းကောင်းတစ်ရပ်ဖြစ်လာခဲ့ပါတယ်။
“ဒီအရာကို ထိန်းသိမ်းထားဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် COC နဲ့ပါတနာအဖြစ်လက်တွဲတာကို နောက်ဆုံးမှာ ရင်ခုန်စွာနဲ့ထုတ်ဖော်ပြောကြားချင်ပါတယ်။ ကျွန်တော် ဒီဂိမ်းရဲ့နှစ်ရှည်ပရိသတ်တစ်ဦးဖြစ်သလို ဒီဂိမ်းအကြောင်းအားလုံးသိပါတယ်။ ဒီဂိမ်းထဲမှာ ဇာတ်ကောင်အဖြစ် ပါဝင်ခွင့်ရတာက တကယ့်ကိုကျေနပ်စရာပါ”လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ Barbarian King အဖြစ် ဦးဆောင်လာမှာဖြစ်တာကြောင့် COC ဂိမ်းသမားတွေအတွက် စိတ်လှုပ်ရှားစရာနဲ့ ဖျော်ဖြေမှုအသစ်တွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဟာလန်းဟာ စီးတီးနဲ့အတူ ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့သာ အာရုံစိုက်နေပြီး အက်ဖ်အေဖလား နဲ့ ပရီးမီးယားလိဂ်ဖလား ၂ လုံး ဒီရာသီမှာ ရယူဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။