စူပါကွန်ပြူတာက တွက်ချက်မှုအရ ဒီရာသီ ယူရိုပါလိဂ်ဖလားကို ယူနိုက်တက် အနိုင်ရမည်

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တဲ့နောက် ၁၆ သင်းအဆင့်မှာ သြစတြီးယားကလပ် LASK နဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ အဆင့်သက်မှတ်ချက်အရဆိုရင် LASK ဟာ ယူနိုက်တက်နဲ့ အဆင့်ပေါင်းများစွာ ကွာဝေးနေပြီး ပြိုင်ဘက်ကို မဟုတ်တာပါ။ သူတို့ဟာ ဥရောပအဆင့် ၁၀၃ က အသင်းဖြစ်ပြီး ယူနိုက်တက်နဲ့ ၉၃ ဆင့်ကျော် ကွာဟနေတဲ့ အသင်းဖြစ်ပါတယ်။ ကလပ်အသင်းသမိုင်းမှာ အမြင့်ဆုံးအဖြစ် ၃၂ သင်းအဆင့်ကိုပဲ ရောက်ခဲ့ဖူးပြီး ဒီတစ်ကြိမ်က ၎င်းတို့ရဲ့ သမိုင်းမှာ အမြင့်ဆုံး အနေအထားဖြစ်တယ်။

ဒါပေမယ့် လက်တလော သြစတြီးယားအမှတ်ပေးလိဂ်မှာ တိုက်စစ်စွမ်းရည်ကြောင့် နာမည်ကျော်နေတဲ့ ဆဲလ်ဘတ်ကိုတောင် ကျော်လွန်ပြီး ထိပ်ဆုံးမှာ ရှိနေတဲ့ ကလပ်အသင်း တစ်သင်းဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်ပြီးရင်တော့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲအဆင့်တွေပဲ ကျန်ရှိတော့မှာပါ။

အာဆင်နယ်၊ အေးဂျက်၊ ဆဲလ်တစ်၊ ပေါ်တို တို့လို အသင်းကောင်းတွေလည်း ၃၂ သင်းအဆင့်ကနေ ထွက်ခွာခဲ့ပြီဖြစ်ပြီး ယူရိုပါလိဂ်မှာတော့ ယူနိုက်တက်အတွက် ပြိုင်ဘက်တွေ အများကြီး မကျန်ပါဘူး။ သတိထားရမယ့် အသင်းတွေအဖြစ် လေဗာကူဆင်၊ ဝုဗ်၊ ဆီးဗီးလားနဲ့ အင်တာမီလန်တို့ပဲ ရှိနေတာပါ။

စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာတော့ လေဗာကူဆင်ဟာ ချန်ပီယံဖြစ်ဖို့ ၁၆%၊ ဝုဗ် ၁၀%၊ ဆီးဗီးလား ၁၀% နဲ့ အင်တာမီလန် ၉% တို့ဖြင့် အစဉ်လိုက် ရပ်တည်နေပါတယ်။ အမြင့်ဆုံးအဖြစ်တော့ ဒီရာသီ ယူရိုပါလိဂ်ဖလားကို ယူနိုက်တက် အနိုင်ရနိုင်ချေဟာ ၁၉% ထိ ရှိနေတယ်လို့ တွက်ချက်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ကြိုးစား ယှဉ်ပြိုင်နေသလိုပဲ ဒီရာသီ ဆုဖလားကိုင်မြောက်နိုင်ဖို့ ယူရိုပါလိဂ်ကိုလည်း အာရုံစိုက်နိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏုိင္တဲ့ေနာက္ ၁၆ သင္းအဆင့္မွာ ၾသစၾတီးယားကလပ္ LASK နဲ႔ ထိပ္တိုက္ေတြ႔မွာ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအ အဆင့္သက္မွတ္ခ်က္အရဆိုရင္ LASK ဟာ ယူႏုိက္တက္နဲ႔ အဆင့္ေပါင္းမ်ားစြာ ကြာေဝးေနျပီး ျပိဳင္ဘက္ကို မဟုတ္တာပါ။ သူတို႔ဟာ ဥေရာပအဆင့္ ၁၀၃ က အသင္းျဖစ္ျပီး ယူႏုိက္တက္နဲ႔ ၉၃ ဆင့္ေက်ာ္ ကြာဟေနတဲ့ အသင္းျဖစ္ပါတယ္။ ကလပ္အသင္းသမုိင္းမွာ အျမင့္ဆံုးအျဖစ္ ၃၂ သင္းအဆင့္ကိုပဲ ေရာက္ခဲ့ဖူးျပီး ဒီတစ္ၾကိမ္က ၄င္းတို႔ရဲ႕ သမိုင္းမွာ အျမင့္ဆံုး အေနအထားျဖစ္တယ္။

ဒါေပမယ့္ လက္တေလာ ၾသစၾတီးယားအမွတ္ေပးလိဂ္မွာ တိုက္စစ္စြမ္းရည္ေၾကာင့္ နာမည္ေက်ာ္ေနတဲ့ ဆဲလ္ဘတ္ကိုေတာင္ ေက်ာ္လြန္ျပီး ထိပ္ဆံုးမွာ ရွိေနတဲ့ ကလပ္အသင္း တစ္သင္းျဖစ္ပါတယ္။ ဒီအဆင့္ကို ေက်ာ္ျဖတ္ျပီးရင္ေတာ့ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲအဆင့္ေတြပဲ က်န္ရွိေတာ့မွာပါ။

အာဆင္နယ္၊ ေအးဂ်က္၊ ဆဲလ္တစ္၊ ေပၚတို တို႔လို အသင္းေကာင္းေတြလည္း ၃၂ သင္းအဆင့္ကေန ထြက္ခြာခဲ့ျပီျဖစ္ျပီး ယူရိုပါလိဂ္မွာေတာ့ ယူႏုိက္တက္အတြက္ ျပိဳင္ဘက္ေတြ အမ်ားၾကီး မက်န္ပါဘူး။ သတိထားရမယ့္ အသင္းေတြအျဖစ္ ေလဗာကူဆင္၊ ဝုဗ္၊ ဆီးဗီးလားနဲ႔ အင္တာမီလန္တို႔ပဲ ရွိေနတာပါ။

စူပါကြန္ျပဴတာရဲ႕ တြက္ခ်က္မႈမွာေတာ့ ေလဗာကူဆင္ဟာ ခ်န္ပီယံျဖစ္ဖို႔ ၁၆%၊ ဝုဗ္ ၁၀%၊ ဆီးဗီးလား ၁၀% နဲ႔ အင္တာမီလန္ ၉% တို႔ျဖင့္ အစဥ္လိုက္ ရပ္တည္ေနပါတယ္။ အျမင့္ဆံုးအျဖစ္ေတာ့ ဒီရာသီ ယူရိုပါလိဂ္ဖလားကို ယူႏုိက္တက္ အႏုိင္ရႏုိင္ေခ်ဟာ ၁၉% ထိ ရွိေနတယ္လို႔ တြက္ခ်က္ထားတာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ ၾကိဳးစား ယွဥ္ျပိဳင္ေနသလိုပဲ ဒီရာသီ ဆုဖလားကိုင္ေျမာက္ႏုိင္ဖို႔ ယူရိုပါလိဂ္ကိုလည္း အာရံုစိုက္ႏုိင္ဖြယ္ ရွိေနတာ ျဖစ္ပါတယ္။