ဖာနန်ဒက်စ် တစ်ယောက်ပဲရှိတဲ့ ယူနိုက်တက်ကို ပြင်းပြင်းထန်ထန် သတိပေးတဲ့ ရွိုင်ကိန်း
ယူနိုက်တက်က အဲဗာတန်ကို ၁-၁ သရေကျတဲ့ပွဲမှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို လိုအပ်ချက် များတယ်လို့ ရွိုင်ကိန်းက ဝေဖန်လိုက်ပြီး အသင်းသားတွေထံက ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို တောင်းဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အပေါ် မှီခိုလွန်းနေတယ်လို့ ရွိုင်ကိန်းက ပြောခဲ့ကာ သူပြောသလိုပဲ ဇန်နဝါရီကမှ ရောက်လာတဲ့ ပေါ်တူဂီလက်ရွေးစင်ဟာ လက်ရှိမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေတာပါ။
ရွိုင်ကိန်းက ” ဖာနန်ဒက်စ်ကိုပဲ အားကိုးနေရတဲ့ ယူနိုက်တက်က စိုးရိမ်ဖို့ကောင်းပါတယ်။ သူက ကလပ်အသင်းကို အသစ်ရောက်လာတာပါ။ အဲဗာတန်နဲ့ပွဲ ဒုတိယပိုင်းမှာ ယူနိုက်တက်ဟာ အရည်အချင်းတွေ ကင်းမဲ့နေခဲ့တယ်။ သူတို့ ကြားထဲမှာ ပွဲကစားခဲ့ရတယ်လို့ အကြောင်းပြချက် ပေးနိုင်ပေမယ့် အဲ့တာက အိမ်ကွင်းမှာ ကလပ်ဘရုဂျ်ကို သက်သောင့်သက်သာနဲ့ အနိုင်ရခဲ့တာပါ။
မာရှယ်နဲ့ ဂရင်းဝုဒ်တို့ကလည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းတွေ မရှိဘူး။ တစ်ချိန်လုံး ဖာနန်ဒက်စ်ကိုပဲ အားကိုးနေလို့ မရပါဘူး။ သူ့ဘေးနားက ကစားသမားတွေထံကနေလဲ ပိုမိုထောက်ပံ့ပေးမှုတွေ လိုပါတယ်။ အဲ့တာမျိုးကို မမြင်ခဲ့ရဘူး။ နောက်ပြန်ဆုတ်နေတယ်လို့ ပြောဖို့ကတော့ ခက်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ မြင်ခဲ့ရတဲ့ ယူနိုက်တက် ခြေစွမ်းကိုတော့ စိတ်မအေးနိုင်အောင်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ပေါင် ၄၆.၅ သန်းပေးပြီး ခေါ်ယူခဲ့တာဖြစ်ပြီး အနာဂတ်မှာ ပေါင် ၂၁.၁ သန်းကို စွမ်းဆောင်ရည်အလိုက် ထပ်မံ ပေးရမှာဖြစ်တယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီ ပြိုင်ပွဲစုံ ၆ ပွဲ ပါဝင်ထားချိန်မှာ ကိုယ်တိုင် ၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။
ZAWGYI
ယူႏုိက္တက္က အဲဗာတန္ကို ၁-၁ သေရက်တဲ့ပြဲမွာ အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကို လိုအပ္ခ်က္ မ်ားတယ္လို႔ ရိြဳင္ကိန္းက ေဝဖန္လိုက္ျပီး အသင္းသားေတြထံက ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ေတာင္းဆိုလိုက္ပါတယ္။
ယူႏုိက္တက္ဟာ ဖာနန္ဒက္စ္အေပၚ မွီခိုလြန္းေနတယ္လို႔ ရိြဳင္ကိန္းက ေျပာခဲ့ကာ သူေျပာသလိုပဲ ဇန္နဝါရီကမွ ေရာက္လာတဲ့ ေပၚတူဂီလက္ေရြးစင္ဟာ လက္ရွိမွာ ယူႏုိက္တက္ရဲ႕ အေကာင္းဆံုး ကစားသမား ျဖစ္ေနတာပါ။
ရိြဳင္ကိန္းက ” ဖာနန္ဒက္စ္ကိုပဲ အားကိုးေနရတဲ့ ယူႏုိက္တက္က စိုးရိမ္ဖို႔ေကာင္းပါတယ္။ သူက ကလပ္အသင္းကို အသစ္ေရာက္လာတာပါ။ အဲဗာတန္နဲ႔ပြဲ ဒုတိယပိုင္းမွာ ယူႏုိက္တက္ဟာ အရည္အခ်င္းေတြ ကင္းမဲ့ေနခဲ့တယ္။ သူတို႔ ၾကားထဲမွာ ပြဲကစားခဲ့ရတယ္လို႔ အေၾကာင္းျပခ်က္ ေပးႏုိင္ေပမယ့္ အဲ့တာက အိမ္ကြင္းမွာ ကလပ္ဘရုဂ်္ကို သက္ေသာင့္သက္သာနဲ႔ အႏုိင္ရခဲ့တာပါ။
မာရွယ္နဲ႔ ဂရင္းဝုဒ္တို႔ကလည္း ေျခစြမ္းျပႏုိင္ခဲ့ျခင္းေတြ မရွိဘူး။ တစ္ခ်ိန္လံုး ဖာနန္ဒက္စ္ကိုပဲ အားကိုးေနလို႔ မရပါဘူး။ သူ႔ေဘးနားက ကစားသမားေတြထံကေနလဲ ပိုမိုေထာက္ပံ့ေပးမႈေတြ လိုပါတယ္။ အဲ့တာမ်ိဳးကို မျမင္ခဲ့ရဘူး။ ေနာက္ျပန္ဆုတ္ေနတယ္လို႔ ေျပာဖို႔ကေတာ့ ခက္ပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာ ျမင္ခဲ့ရတဲ့ ယူႏုိက္တက္ ေျခစြမ္းကိုေတာ့ စိတ္မေအးႏိုင္ေအာင္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ဇန္နဝါရီ အေျပာင္းအေရႊ႔မွာေတာ့ ယူႏုိက္တက္ဟာ ဖာနန္ဒက္စ္အတြက္ ေပါင္ ၄၆.၅ သန္းေပးျပီး ေခၚယူခဲ့တာျဖစ္ျပီး အနာဂတ္မွာ ေပါင္ ၂၁.၁ သန္းကို စြမ္းေဆာင္ရည္အလိုက္ ထပ္မံ ေပးရမွာျဖစ္တယ္။ အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဒီရာသီ ျပိဳင္ပြဲစံု ၆ ပြဲ ပါဝင္ထားခ်ိန္မွာ ကိုယ္တိုင္ ၃ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ေပးထားပါတယ္။