စနေည အီတီဟက်မှာ ကန်မယ့် မန်စီးတီး – ဝုဗ် ပွဲ ဘယ်နှဂိုးထိ ပြတ်မလဲ ပေါမာဆန်ကြီး ဟောကိန်းထုတ်

မန်ချက်စတာ စီးတီး အသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၁၁ နာရီ အချိန်မှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ စီးတီး – ဝုဗ် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်စီးတီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်မိပါဘူး။ ဝုဗ် မှာက ဒဏ်ရာ ပြဿနာတွေ သိပ်များလွန်းနေပါတယ်။ စီးတီးတို့ကတော့ သူတို့ ကစားရမယ့် ပွဲတွေ အားလုံးကို အနိုင်ယူပြီး ပြည်တွင်းချန်ပီယံဖြစ်လာရေးပါပဲ။
ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ဟာလန်းက ပွဲထွက်လူစာရင်းထဲ ပါလာမလား ကြည့်ရပါမယ်။
တိုက်စစ် ၃ ယောက်တန်းအဖြစ် အဲဗာရက်စ်၊ ဖိုဒန်၊ ဂရီလစ်တို့ ပါလို့ရမယ် ထင်ပါတယ်။ ဟာလန်း ပြန်သက်သာ လာပေမယ့် သူ့ကို အရန်ကနေပဲ ထုတ်သုံးမယ်လို့ ထင်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်စီးတီး ၃-ဝ ဝုဗ်။