ငုဝါအလှ တုမရပါ။

ပထမပုံကတော့ မြန်မာပြည်မျိုးရင်းအပင်မျိုးစိတ် ဖြစ်တဲ့ သိပ်ကိုကျက်သရေရှိတဲ့ ငုဝါပါ။ ဒုတိယပုံကတော့ နိုင်ငံခြားက ကျုးကျော်မျိုးစိတ် သပြေဘူတပါ။

ကျွန်တော်တို့နိုင်ငံမှာ လွဲမှားနေတဲ့ သစ်ပင်ချစ်သူတွေ များစွာရှိပါတယ်။ ဒါကတော့ ကိုယ့်နိုင်ငံရဲ့အလှတရားကို မျက်ကွယ်ပြုပြီး ကျုးကျော်မျိုးစိတ်ကိုမှ အထင်ကြီးခြင်းပဲဖြစ်ပါတယ်။

ဒါဖြင့်ရင် ကျူးကျော်မျိုးစိတ်သပြေဘူတကို စိုက်ခြင်းက အခုနေအခါတော့ ဘာမှမဖြစ်သေးပါဘူး။ ဒါပေမယ့် တချိန်ချိန်မှာ မြန်မာ့မျိုးရင်းဖြစ်တဲ့ သစ်ပင်ပန်းမန်တွေအတွက်တော့ ကျူးကျော်မျိုးစိတ်ဖြစ်တဲ့ နိုင်ငံခြားကအပင်တွေကနေ မလိုလားအပ်တဲ့ ဝတ်မှုန်ကူးခြင်းကြောင့် မိခင်မျိုးရင်း နိုင်ငံ့မျိုးရင်း အပင်များစွာ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် သပြေဘူတဆိုတဲ့ အပင်ကိုစိုက်ဖို့ရာ အားမပေးပါဘူး။

ဂျပန် သြဇီ စတဲ့တိုးတက်တဲ့နိုင်ငံတွေမှာ သူတို့နိုင်ငံမျိုးရင်း မဟုတ်တဲ့ အပင်ပြန်ပေါက်နိုင်သော အသီး အစေ့အဆံ အရွက် အပင် ဘာကိုမှမယူရပါဘူး။ စိန်တလုံးစားချင်ရင် အသားလှီးယူသွားရတယ်။ အစေ့မပါစေရဘူး။ မြေပဲဆံ နှမ်း ဘာညာစားချင်ရင် ကျက်အောင်လှော်ယူရတယ်။

အစိမ်းပါရင် မမိဘူးမထင်နဲ့ အကုန်မိတာနော်။ အထူးလေ့ကျင့်ရေး အနံ့ခံခွေးနဲ့ အကုန်စစ်ပါတယ်။ မိရင် ပထမဆုံးအကြိမ်အနေနဲ့ဆို ရဲစခန်းလိုက် လက်ဗွေနှိပ်ရမယ်။ နောက်ဆို ငွေဒဏ် ထောင်ဒဏ် ချပါမယ်။ ဘာကြောင့်လဲဆိုရင် သူတို့နိုင်ငံကို ကျုးကျော်မျိုးစိတ်တွေဝင်လာတဲ့အခါ နိုင်ငံရဲ့ အပင်မျိုးစိတ် ဗီဇ ဇီဝကမ္မသဘာဝ မိခင်မျိုးရင်းအပင်တွေ ပျက်စီးတော့မှာသိလို့ အသိသတိကောင်းစွာ သူတို့တတ်အပ်တဲ့ နည်းပညာနဲ့ အပျက်အစီးမခံနိုင်ပဲ အထူးကာကွယ်ထားပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံတောင် ငုဝါကို ပိုတန်ဖိုးထားပါတယ်။ သပြေဘူတကို အပေါ်ယံမျှစိုက်ပြကြပါတယ်။ တကယ်တော့ ငုဝါကသာ ကျွန်တော်တို့ မြန်မာ့ရေမြေတောတောင်နဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ငုဝါကသာ နွေရဲ့အလှ မြန်မာ့အတာသင်္ကြန်နှစ်ကူး တန်ခူးလရဲ့အဆင်တန်ဆာပါ။

အခုဆို ကျွန်တော်သိရသလောက်ကတော့ ပခုက္ကူဖက် မန္တလေးဖက်မှာဆိုရင် အဆိုပါသပြေဘူတဟာ နေရာအနှံ့အတော်လေးကို စိတ်ပျက်စွာနဲ့ နေရာယူလာခဲ့ပါပြီ။

ဒါကြောင့် မစိုက်ကြပါနဲ့တော့ အဲ့အပင်အစား ပိတောက် ငုဝါ ကံ့ကော် အင်ကြင်း တမာ ခရေ သရဖီ စတဲ့အပင်တွေကိုသာ နာနာဖိစိုက်ကြစေလိုပါတယ်။ တာဝန်ရှိတဲ့ သူများမှလည်း နယ်စပ်ကနေတဆင့် ကျူးကျော်မျိုးစိတ်တွေကို ဖမ်းဆီး တားမြစ်ကြစေလိုတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တတ်နိုင်သမျှ လုံးဝကို ကျူး/မျိုးစိတ်တွေကို ကန့်ကွက်တားဆီးကြရပါမယ်။ ဒါမှသာ မြန်မာ့ရေမြေတောတောင် သဘာဝကြီး
သာယာလှပမည်ဖြစ်ပါကြောင်းကို အထူးပဲသတိပေးရင်း ကျူးကျော်မျိုးစိတ်တွေကို ကန့်ကွက်တားမြစ်ရင်းနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။

လင်းယုန်မာန် (ပေါက်)