BREAKING: ဆန်ချိုအတွက် လိဂ်စံချိန်တင်ကြေး၊ မြင့်မားတဲ့ လုပ်ခဖြင့် ကြိုးစားနေတဲ့ ယူနိုက်တက်
ယူနိုက်တက်ဟာ ဒီနွေမှာတော့ ဒေါ့မွန် တိုက်စစ်သမား ဆန်ချိုအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတင်မကပဲ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးမျိုး လုပ်နိုင်ဖို့ ခပ်စောစော ကြိုးစားနေတယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။
အင်္ဂလန်တိုက်စစ်သမားကို ခေါ်ယူဖို့ မန်နေဂျာဆိုးရှားက ဦးစားပေးအဖြစ် သက်မှတ်ထားပြီး သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက လွန်ခဲ့တဲ့ လေးနှစ်က ပေါ့ဘာအတွက် သုံးခဲ့ရတဲ့ ပေါင် ၈၉.၃ သန်းထက် ပိုများမယ်လို့ သိရတယ်။ ဒါ့အပြင် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိကိုလည်း ပေးသွားမယ်လို့ သိရပါတယ်။
ဒီရာသီ ဂျာမနီကလပ် လိုက်ဇစ်အသင်းမှာ ကိုယ်တိုင် ၁၄ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၄ ကြိမ် ပြုလုပ်ထားတဲ့ ဆန်ချိုကို မန်စီးတီးကလည်း ဆာနေးနေရာ အစားထိုးဖို့ ပြန်ခေါ်လိုသလို လီဗာပူးကလည်း တိုက်စစ်ပိုင်း အားဖြည့်ဖို့ စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် ဟာဇက်နေရာအတွက် ပူလီဆစ်နဲ့ အားမရသေးတဲ့ ချယ်ဆီးကလည်း အခွင့်အရေး ရှာနေသေးတာပါ။
အဆိုပါ ကလပ်တွေကို ကျော်ဖြတ်ပြီး ယူနိုက်တက်က အရေးသားမှုမှာ ထိပ်ဆုံး ရောက်လာခဲ့သလို ဒီရာသီ ဆန်ချိုရဲ့ တောက်ပနေမှုတွေအရ ပရီးမီးယားလိဂ်မှာ စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၁၀၀ ထိ သုံးရနိုင်တယ်လို့လည်း သိရတယ်။
တယ်လီဂရပ်ကတော့ နွေတုန်းက ဆန်ချိုဟာ တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ နဲ့ ဒေါ့မွန်မှာ ၂၀၂၂ ခုနှစ်ထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဂျာမနီကလပ်နဲ့ စာချုပ်အားဖြင့် ၂ နှစ်ပဲ ကျန်ရှိတာဖြစ်လို့ နွေမှာ အသုံးစရိတ်ကြီးအတွက် ရောင်းထုတ်သွားမယ်လို့ ဆိုခဲ့တာဖြစ်တယ်။ ဒေါ့မွန်ဘက်က သူတို့အသင်းမှာ အစားထိုးစရာ ကစားသမား မရမခြင်း ဘယ်လို အတည်ပြုချက်ကိုမှ ကြေညာခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း အဆိုပါသတင်းမှာ ဖော်ပြခဲ့ပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ ဒီေႏြမွာေတာ့ ေဒါ့မြန္ တိုက္စစ္သမား ဆန္ခ်ိဳအတြက္ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးတင္မကပဲ ပရီးမီးယားလိဂ္ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးမ်ိဳး လုပ္ႏုိင္ဖို႔ ခပ္ေစာေစာ ၾကိဳးစားေနတယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။
အဂၤလန္တိုက္စစ္သမားကို ေခၚယူဖို႔ မန္ေနဂ်ာဆိုးရွားက ဦးစားေပးအျဖစ္ သက္မွတ္ထားျပီး သူ႔အတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးက လြန္ခဲ့တဲ့ ေလးနွစ္က ေပါ့ဘာအတြက္ သံုးခဲ့ရတဲ့ ေပါင္ ၈၉.၃ သန္းထက္ ပိုမ်ားမယ္လို႔ သိရတယ္။ ဒါ့အျပင္ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းထိကိုလည္း ေပးသြားမယ္လို႔ သိရပါတယ္။
ဒီရာသီ ဂ်ာမနီကလပ္ လုိက္ဇစ္အသင္းမွာ ကိုယ္တိုင္ ၁၄ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၄ ၾကိမ္ ျပဳလုပ္ထားတဲ့ ဆန္ခ်ိဳကို မန္စီးတီးကလည္း ဆာေနးေနရာ အစားထိုးဖို႔ ျပန္ေခၚလိုသလို လီဗာပူးကလည္း တိုက္စစ္ပိုင္း အားျဖည့္ဖို႔ ေစာင့္ၾကည့္ေနပါတယ္။ ဒါ့အျပင္ ဟာဇက္ေနရာအတြက္ ပူလီဆစ္နဲ႔ အားမရေသးတဲ့ ခ်ယ္ဆီးကလည္း အခြင့္အေရး ရွာေနေသးတာပါ။
အဆိုပါ ကလပ္ေတြကို ေက်ာ္ျဖတ္ျပီး ယူႏုိက္တက္က အေရးသားမႈမွာ ထိပ္ဆံုး ေရာက္လာခဲ့သလို ဒီရာသီ ဆန္ခ်ိဳရဲ႕ ေတာက္ပေနမႈေတြအရ ပရီးမီးယားလိဂ္မွာ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးအျဖစ္ ေပါင္ သန္း ၁၀၀ ထိ သံုးရႏုိင္တယ္လို႔လည္း သိရတယ္။
တယ္လီဂရပ္ကေတာ့ ေႏြတုန္းက ဆန္ခ်ိဳဟာ တစ္ပတ္လုပ္ခ ေပါင္ ၁၉၀၀၀၀ နဲ႔ ေဒါ့မြန္မွာ ၂၀၂၂ ခုႏွစ္ထိ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့ေပမယ့္ ဂ်ာမနီကလပ္နဲ႔ စာခ်ဳပ္အားျဖင့္ ၂ နွစ္ပဲ က်န္ရွိတာျဖစ္လို႔ ေႏြမွာ အသံုးစရိတ္ၾကီးအတြက္ ေရာင္းထုတ္သြားမယ္လို႔ ဆိုခဲ့တာျဖစ္တယ္။ ေဒါ့မြန္ဘက္က သူတို႔အသင္းမွာ အစားထိုးစရာ ကစားသမား မရမျခင္း ဘယ္လို အတည္ျပဳခ်က္ကိုမွ ေၾကညာခြင့္ေပးမွာ မဟုတ္ဘူးလို႔လည္း အဆိုပါသတင္းမွာ ေဖာ္ျပခဲ့ပါတယ္။