ဆန်ချို၊ ရွန်နီခြေရာ နင်းလိုတဲ့ ရက်ဖိုဒ့်၊ ဂန်းနားကြယ်ပွင့်၊ ပေါ့ဘာတို့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူနိုက်တက်ဟာ ဒေါ့မွန် တောင်ပံတိုက်စစ်သမား ဆန်ချိုကို လာမယ့်နွေမှာ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ၂၀၁၆ တုန်းကလည်း ယူနိုက်တက်က လိဂ်စံချိန်တင်ကြေး ပေါင် ၈၉ သန်း သုံးကာ ပေါ့ဘာကို ခေါ်ယူခဲ့တာထက် ပိုများပါလိမ့်မယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ၎င်း အလိုရှိတာဟာ တိုက်စစ်မှူးဟောင်း ရွန်းနီရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မှီဖို့ မဟုတ်ဘဲ အသင်းနဲ့ အတူ အောင်မြင်မှု ဆုဖလားများ ရယူကာ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်လာလိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ တူရကီကလပ် ထရာဇွန်စပေါမှာ အငှား သွားရောက် ကစားနေတဲ့ ပဲလေ့စ်တိုက်စစ်မှူး အလက်ဇန်းဒါး ဆောလော့ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ နော်ဝေသား အထောင်တိုက်စစ်မှူးဟာ ဒီရာသီ တူရကီမှာ ၁၉ ဂိုး သွင်း ၆ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ယူနိုက်တက်ဟာ စတုတ်စီးတီးမှ အသက် ၁၈ နှစ် အရွယ် ဗဟိုခံစ့စ်မှူး နေသန် ကောလင်းစ်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ လာမယ့်နွေမှာ ၎င်းကို ခေါ်ယူဖို့ ယူနိုက်တက် လှုပ်ရှားဖွယ် ရှိပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ဒီအပတ်မှာပဲ ကလပ်အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။

အာဆင်နယ်မှာ တောက်ပတဲ့ခြေစွမ်းတွေ ပြသနေတဲ့ လူငယ်တိုက်စစ်မှူး မာတင်နယ်လီက သူဟာ ယူနိုက်တက်မှာ လေးနှစ်တိတိ တစ်နှစ် တစ်ကြိမ်ဖြင့် ခြေစွမ်း စစ်ဆေးခံခဲ့ဖူးပေမယ့် ယူနိုက်တက်ဘက်က ခေါ်ယူလိုခြင်း မရှိခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဒေတာပိုင်းဆိုင်ရာ စောင့်ကြည့်မှု ဌာနကို အသစ် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရရှိလာတဲ့ ဒေတာတွေကတစ်ဆင့် အပြောင်းအရွှေ့ ပစ်မှတ်တွေအတွက် အသုံးပြုသွားဖို့ ပြင်ဆင်နေပါတယ်။

ZAWGYI

ယူနိုက္တက္ဟာ ေဒါ့မြန္ ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳကို လာမယ့္ေႏြမွာ ပရီးမီးယားလိဂ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပးကာ ေခၚယူဖုိ႕ ျပင္ဆင္ေနပါတယ္။ ၂၀၁၆ တုန္းကလည္း ယူနုိက္တက္က လိဂ္စံခ်ိန္တင္ေၾကး ေပါင္ ၈၉ သန္း သံုးကာ ေပါ့ဘာကို ေခၚယူခဲ့တာထက္ ပိုမ်ားပါလိမ့္မယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္က ၄င္း အလိုရွိတာဟာ တိုက္စစ္မွဴးေဟာင္း ရြန္းနီရဲ႕ ဂိုးသြင္းစံခ်ိန္ကို လိုက္မွီဖို႔ မဟုတ္ဘဲ အသင္းနဲ႕ အတူ ေအာင္ျမင္မႈ ဆုဖလားမ်ား ရယူကာ ဂႏၱ၀င္ ကစားသမား တစ္ဦး ျဖစ္လာလိုေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ဟာ တူရကီကလပ္ ထရာဇြန္စေပါမွာ အငွား သြားေရာက္ ကစားေနတဲ့ ပဲေလ့စ္တိုုက္စစ္မွဴး အလက္ဇန္းဒါး ေဆာေလာ့ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။ ေနာ္ေ၀သား အေထာင္တိုက္စစ္မွဴးဟာ ဒီရာသီ တူရကီမွာ ၁၉ ဂိုး သြင္း ၆ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။

ယူနိုက္တက္ဟာ စတုတ္စီးတီးမွ အသက္ ၁၈ နွစ္ အရြယ္ ဗဟိုခံစ့စ္မွဴး ေနသန္ ေကာလင္းစ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။ လာမယ့္ေႏြမွာ ၄င္းကို ေခၚယူဖို႕ ယူနုိက္တက္ လႈပ္ရွားဖြယ္ ရွိပါတယ္။

ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူ ေပါ့ဘာဟာ ဒီအပတ္မွာပဲ ကလပ္အသင္းနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းနုိင္ေတာ့မယ္လို႔ သိရပါတယ္။

အာဆင္နယ္မွာ ေတာက္ပတဲ့ေျခစြမ္းေတြ ျပသေနတဲ့ လူငယ္တိုက္စစ္မွဴး မာတင္နယ္လီက သူဟာ ယူႏုိက္တက္မွာ ေလးႏွစ္တိတိ တစ္ႏွစ္ တစ္ၾကိမ္ျဖင့္ ေျခစြမ္း စစ္ေဆးခံခဲ့ဖူးေပမယ့္ ယူႏုိက္တက္ဘက္က ေခၚယူလိုျခင္း မရွိခဲ့ေၾကာင္း ဝန္ခံလိုက္ပါတယ္။

ယူႏုိက္တက္ဟာ ေဒတာပိုင္းဆိုင္ရာ ေစာင့္ၾကည့္မႈ ဌာနကို အသစ္ ဖြဲ႔စည္းသြားမွာျဖစ္ျပီး ရရွိလာတဲ့ ေဒတာေတြကတစ္ဆင့္ အေျပာင္းအေရႊ႔ ပစ္မွတ္ေတြအတြက္ အသံုးျပဳသြားဖို႔ ျပင္ဆင္ေနပါတယ္။