ပညာသင်နှစ် အသစ်အတွက် တက္ကသိုလ်၊ ကောလိပ်နဲ့ အခြေခံပညာကျောင်းများ ဖွင့်မည့်ရက် ကြေညာ
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်တည်း တစ်ရက်တည်းမှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အတည်ပြုလိုက်တာပါ။
ကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေးကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးဌာနဘက်က အသိပေးထားပါတယ်။
အထူးသဖြင့် ကျောင်းများ မဖွင့်နိုင်ခဲ့တဲ့ ဒေသတွေက ကျောင်းများအားလုံးကိုလည်း အပြည့်အဝ ပြန်လည်ဖွင့် လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ တွေ့ဆုံမှုမှာ တိုက်တွန်းထားပါတယ်။
၂၀၂၄ ခုနှစ် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ လုံခြုံရေးအခြေအနေကြောင့် ဖြေဆိုခွင့်မရရှိခဲ့ကြတဲ့ တက္ကသိုလ်၀င်စာမေးပွဲကို ပြန်လည်ကျင်းပပေးရာမှာ အချို့တဝက်သာ လာရောက်ဖြေဆိုနိုင်ခဲ့ပါတယ်။