စီးတီးမှာ ပျော်ပေမယ့် အိမ်တွင်းရေး ကိစ္စတွေကြောင့် ဆော်ဒီ ပြောင်းပြေးဖို့ စဉ်းစားနေတဲ့ ဝေါလ်ကာ

မန်စီးတီးစတား ကိုင်လီဝေါလ်ကာ ဟာ အိမ်တွင်းရေး ပြသနာတွေကြောင့် ပရီးမီးယားလိဂ်မှ ဆော်ဒီသို့ ပြောင်းရွှေ့ပြီး ရှောင်ပြေးရန် စဉ်းစားနေပါတယ်။

အသက် ၃၃ နှစ်ရှိ အင်္ဂလန် လက်ရွေးစင်စတားဟာ မန်စီးတီးကစားဖော်ဟောင်း ရီယက်မရာ့ဇ်ရဲ့ အကြံပေးမှုကြောင့် အရှေ့အလယ်ပိုင်းသို့ သွားကစားရန် စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ မရာ့ဇ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မန်စီးတီးကို စွန့်ခွာပြီး ဆော်ဒီကလပ် Al Ahli သို့ ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဂျီးရီးယား တောင်ပံကစားသမားဟာ ဆော်ဒီတွင် တစ်နှစ်လုပ်ခ ပေါင် ၄၅ သန်းအထိ ရရှိနေပါတယ်။

ဝေါလ်ကာဟာ မန်စီးတီးတွင် ပျော်ရွှင်လျက်ရှိပေမဲ့လည်း အိမ်ထောင်ရေးကြောင့် ဆော်ဒီသို့ ပြောင်းရန် စဉ်းစားနေတာပါ။

သူဟာ ဇနီးသည် အန်နီကယ်နာနှင့် ၄ ဦးမြောက်ကလေး ရရှိတော့မှာ ဖြစ်ပေမဲ့ ချစ်သူဟောင်း လောရင့်နှင့် ကလေး ၂ ဦး ရရှိထားမှုနှင့်အတူ လူမှုရေးပြဿနာကြုံနေရပါတယ်။

ဇနီးသည် အန်နီကယ်နာကလည်း ဆော်ဒီသို့ ပြောင်းရွှေ့ကစားမည်ဆိုပါက အင်္ဂလန်တွင် လူ အာရုံစိုက်ခြင်းခံရမှုမှ လွတ်မြောက်လာမည်ဖြစ်ရာ ဝေါလ်ကာ အား ပြောင်းကစားရန် တိုက်တွန်းနေပါတယ်။