ဘိုင်ယန်နဲ့ မဟုတ်တဲ့ ပက်၊ စီးတီးကို ကူပြီး ဂန်းနားတွေကို အနိုင်ကန်မယ့် မန်ယူ၊ ဆာဗီယို ကို ပြန်ခေါ်ခြင်းနဲ့ နောက်ဆုံးရ မန်စီးတီး သတင်းတိုများ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ နဲ့ သက်ဆိုင်သူတွေကတော့ ဘိုင်ယန်မြူးနစ် နည်းပြ ရာထူး နဲ့ ပတ်သက်လို့ ငြင်းဆန် သွားခဲ့ပြီး ဂွာဒီယိုလာ ဟာ မန်စီးတီး နဲ့ စာချုပ်ရှိတဲ့ ၂၀၂၅ အထိ အီတီဟတ်မှာ ဆက်ရှိနေသွားမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ စီးတီးကို ယှဉ်နိုင်မှာ မဟုတ်လို့ အာဆင်နယ် အနေနဲ့ စပါးကို အားကိုးလို့ ရမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးဖို့ များကြောင်း ဂယ်ရီနဗီးလ်က သုံးသပ်လိုက်ပါတယ်။

မနေ့ညက ပဲလေ့စ်ကို ၄-ဝ နဲ့ ရှုံးခဲ့ပြီးနောက် မန်ယူ နည်းပြ တန်ဟက် က လာမယ့် တနင်္ဂနွေနေ့ အာဆင်နယ်ကို အနိုင် ကစားမယ် လို့ ကြုံးဝါးလိုက်ပါတယ်။ အာဆင်နယ် သာ အမှတ်လျော့သွားရင် မန်စီးတီးလည်း ဖိအားတို့ လျော့ပါးသွားမှာပါ။

ဟာလန်း က ” ကျွန်တော့မှာ ကျွန်တော် အပါအဝင် ကစားသမားတွေကို တွန်းအားပေးတတ်တဲ့၊ သိပ်မဆိုးလှတဲ့ နည်းပြ တဦး ရထားပါတယ်။ သူတို့ (မန်စီးတီး အသင်းဖော်တွေ) ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဘယ်လိုမှ စွမ်းဆောင်ပြနိုင်မှာ မဟုတ်ဘူး ဆိုတာ ကြိမ်ဖန်များစွာ ပြောခဲ့ပြီးသားပါ။ ” လို့ ဂုဏ်ယူစွာ ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ စီးတီး အသင်း နည်းပြ ဂွာဒီယိုလာ က အာဆင်နယ် အသင်း ရဲ့ ဂိုးကွာခြားချက်ကို လိုက်မှီဖို့ ဆိုတာ မဖြစ်နိုင်တာကြောင့် သူတို့ အနေနဲ့ လက်ကျန် ပွဲစဉ် အားလုံးကို အနိုင် ကစားဖို့ လိုအပ်တယ်လို့ ဝန်ခံ ပြောကြား လိုက်ပါတယ်။

မန်စီးတီး ဟာ ဒီရာသီ ဂျီရိုနာ မှာ ပုံစံကောင်း ပြသနေတဲ့ ဘရာဇီး ကစားသမားလေး ဆာဗီယို ကို လာမယ့် ရာသီမှာ အသင်းထံ ပြန်လည် ခေါ်ဆောင်ဖို့ သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။