ယူနိုက်တက် အဝတ်လဲခန်းထဲက အသန်မာဆုံး ကစားသမား လုခ်ရှော ရွေးချယ်

မန်ချက်စတာယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲက ကစားသမားတွေထဲ အသန်မာဆုံးသူကို ရွေးချယ်ပြခိုင်းရာမှာ ခံစစ်မှူး ရှောကတော့ ကွင်းလယ်ကစားသမား တော်မီနေးလို့ ဖြေကြားလိုက်ပါတယ်။ ရှောဟာ ဖီဖာဂိမ်းထဲက ရမှတ်တွေနဲ့ ယှဉ်ကာ အသင်းဖော်တွေ အကြောင်း အင်တာဗျူးမှာ ဆွေးနွေး ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ပွဲတစ်ပွဲ ကစားရင် အသန်မာဆုံး ကစားသမား၊ ခွန်အားပိုင်း ရမှတ် အများဆုံးရသင့်တဲ့ ကစားသမား ဘယ်သူ ဖြစ်မလဲ မေးခွန်းထုတ်ခံခဲ့ရာ ရှောက အခုလို ရွေးချယ် ရှင်းလင်းပြောဆိုခဲ့တာပါ။

” စကော့တီ၊ စကော့ မက်တောမီနေးက အသန်မာဆုံး ဖြစ်မယ်။ သူက အရပ်လည်း ရှည်တယ် သန်လည်း သန်တယ်။ လက်မောင်းအား တောင့်တယ်။ လူကောင်လည်း ကြီးတယ်။ နောက်ပြီး ပြောရရင် သူက Gym မှာ ကစားရတာလည်း ကြိုက်တယ်။

အဲဒီမှာဆို သူက မှန်မှာ သူ့ကိုယ်သူ ကြည့် ကျေနပ်နေတာ။ ဒါကြောင့်လည်း သူက အသန်မာဆုံးလို့ ကျနော် ရွေးလိုက်တာပါ။ တခါတခါ ဟာသလုပ်နေပေမယ့် သူက သူ့ဘော်ဒီ သူ ကြိတ် သဘောကျနေတာ။ ဒါကြောင့် သူက အသန်ဆုံးလို့ ကျနော် ရွေးတာ ဖြစ်တယ်။ ” လို့ ရှောက ရှင်းလင်း ပြောဆိုသွားပါတယ်။

ရှောကို နေရာယူတာ ပြေးတာ မြန်တဲ့ ရက်ဖို့ဒ်နဲ့ ဂျိမ်းစ်မှာ ရော ဘယ်သူပိုမြန်လဲ မေးခွန်းထုတ်ခံခဲ့ရသေးပြီး ထိုမေးခွန်းကို အားလုံး ငြင်းခုန်နေကျ ဖြစ်တယ်လို့ ရှောက ရယ်မော ဖြေဆိုခဲ့ပါတယ်။ ရှောက အသင်းမှာ မီတာ ၁၀၀ ပြေးပွဲလေး လုပ်ပြီး စမ်းခဲ့ဖူးကြောင်း၊ ရက်ဖို့ဒ်က ပိုမြန်ပေမယ့် အဲဒီပွဲမှာတော့ ဂျိမ်းစ်က ပိုမြန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ရဲ႕ အ၀တ္လဲခန္းထဲက ကစားသမားေတြထဲ အသန္မာဆံုးသူကို ေရြးခ်ယ္ျပခိုင္းရာမွာ ခံစစ္မွဴး ေရွာကေတာ့ ကြင္းလယ္ကစားသမား ေတာ္မီေနးလို႔ ေျဖၾကားလိုက္ပါတယ္။ ေရွာဟာ ဖီဖာဂိမ္းထဲက ရမွတ္ေတြနဲ႕ ယွဥ္ကာ အသင္းေဖာ္ေတြ အေၾကာင္း အင္တာဗ်ဴးမွာ ေဆြးေႏြး ေျပာဆိုခဲ့ျခင္း ျဖစ္ပါတယ္။

ပြဲတစ္ပြဲ ကစားရင္ အသန္မာဆံုး ကစားသမား၊ ခြန္အားပိုင္း ရမွတ္ အမ်ားဆံုးရသင့္တဲ့ ကစားသမား ဘယ္သူ ျဖစ္မလဲ ေမးခြန္းထုတ္ခံခဲ့ရာ ေရွာက အခုလို ေရြးခ်ယ္ ရွင္းလင္းေျပာဆိုခဲ့တာပါ။

” စေကာ့တီ၊ စေကာ့ မက္ေတာမီေနးက အသန္မာဆံုး ျဖစ္မယ္။ သူက အရပ္လည္း ရွည္တယ္ သန္လည္း သန္တယ္။ လက္ေမာင္းအား ေတာင့္တယ္။ လူေကာင္လည္း ၾကီးတယ္။ ေနာက္ျပီး ေျပာရရင္ သူက Gym မွာ ကစားရတာလည္း ၾကိဳက္တယ္။

အဲဒီမွာဆို သူက မွန္မွာ သူ႔ကိုယ္သူ ၾကည့္ ေက်နပ္ေနတာ။ ဒါေၾကာင့္လည္း သူက အသန္မာဆံုးလို႔ က်ေနာ္ ေရြးလိုက္တာပါ။ တခါတခါ ဟာသလုပ္ေနေပမယ့္ သူက သူ႔ေဘာ္ဒီ သူ ၾကိတ္ သေဘာက်ေနတာ။ ဒါေၾကာင့္ သူက အသန္ဆံုးလို႕ က်ေနာ္ ေရြးတာ ျဖစ္တယ္။ ” လို႔ ေရွာက ရွင္းလင္း ေျပာဆိုသြားပါတယ္။

ေရွာကို ေနရာယူတာ ေျပးတာ ျမန္တဲ့ ရက္ဖို႔ဒ္နဲ႕ ဂ်ိမ္းစ္မွာ ေရာ ဘယ္သူပိုျမန္လဲ ေမးခြန္းထုတ္ခံခဲ့ရေသးျပီး ထိုေမးခြန္းကို အားလံုး ျငင္း္ခုန္ေနက် ျဖစ္တယ္လို႔ ေရွာက ရယ္ေမာ ေျဖဆိုခဲ့ပါတယ္။ ေရွာက အသင္းမွာ မီတာ ၁၀၀ ေျပးပြဲေလး လုပ္ျပီး စမ္းခဲ့ဖူးေၾကာင္း၊ ရက္ဖုိ႔ဒ္က ပိုျမန္ေပမယ့္ အဲဒီပြဲမွာေတာ့ ဂ်ိမ္းစ္က ပိုျမန္ခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။