အသက် ၂၃ ကစပြီး ၃၁ နှစ်အထိ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် မပြု

ပြည်အလုပ်အကိုင် အလုပ်ခေါ်စာအသစ် ခေါ်ယူမှုမှာ ယောကျ်ားလေးတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်အပြီးမှာ အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေလျှော့မှုအချို့ ပြုလုပ်ပေးလိုက်တယ်လို့သိရပါတယ်။
အဲ့ဒါကတော့ အမျိုးသားအားလုံးကို Demand အလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုက်လုပ်ခွင့် မပိတ်တော့ဘဲ အသက်အပိုင်းအခြားတခု သတ်မှတ်ပြီး ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်မှ ၂၃ နှစ်အထိ ယောကျ်ားလေးတွေကို Demand အလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီး အသက် ၂၃ ကစပြီး ၃၁ နှစ်အထိ အမျိုးသားတွေကတော့ ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းခံထားရဆဲဖြစ်ပါတယ်။
အမျိုးသားတွေအလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို အသက်အပိုင်းခြားအလိုက် တဆင့်လျှော့ပြီး ပြန်ခွင့်ပြုပေးလိုက်ပေမယ့် ခွင့်ပြုပေးတဲ့ အသက်အပိုင်းအခြားက နိုင်ငံခြားထွက် အလုပ်လုပ်မှုနည်းပြီး ကန့်သတ်ထားဆဲ အသက်အပိုင်းခြားကသာ အလုပ်လုပ်မှုပိုများတယ်လို့ သိရပါတယ်။
Demand အလုပ်ခေါ်စာအသစ်နဲ့ ယောကျ်ားလေးတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်ကစပြီး ယာယီရပ်ဆိုင်းကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာအပြီး ၇ ရက်အကြာမှာ ဖြေလျှော့မှုကို ပြန်လုပ်လာတာဖြစ်ပါတယ်။