စပါးနဲ့ ကန်ရမယ့် ပွဲက မန်စီးတီးအတွက် ဘယ်လောက် ခက်ခဲ စိန်ခေါ်မှု ကြီးမလဲ ဆိုတာ မီးမောင်းထိုးပြလိုက်တဲ့ ပက်
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ကစားဖို့ ကျန်ရှိတဲ့ ၃ ပွဲလုံးမှာ အမှတ်ပြည့် ရမှ ၄ နှစ်ဆက် ချန်ပီယံ ဖြစ်ဖို့ သေချာမှာ ဖြစ်ပါတယ်။
အာဆင်နယ်က ရာသီကုန်ခါနီးထိ စီးတီးနဲ့ အပြိုင် အခွင့်အရေး ရှိနေဆဲ ဖြစ်တာကြောင့် ပက် ဂွာဒီယိုလာ တို့ တစ်ပွဲတောင် သရေ ကျလို့ မရပါဘူး။
မန်စီးတီး ရဲ့ လက်ကျန် ၃ ပွဲမှာ ဖူလ်ဟမ် (အဝေးကွင်း)၊ စပါး (အဝေးကွင်း)နဲ့ ဝက်စ်ဟမ်း (အိမ်ကွင်း) ပွဲစဉ်တို့ ဖြစ်ကြပါတယ်။
ပက် ဂွာဒီုလာက ထို ၃ ပွဲနဲ့ ပတ်သတ်ပြီး လွယ်ကူမှာ မဟုတ်ေ်ကြာင်း အခုလို မှတ်ချက်ပြုခဲ့ပါတယ်။
“ဖူလ်ဟမ် နဲ့ စပါး က ကျွန်တော်တို့အတွက် အမြဲ ခက်ခဲတဲ့အသင်းတွေပါ။ စပါး ဆိုရင်လည်း အက်အေဖလားကလွဲရင် သူတို့ကွင်းမှာ ပရီးမီးယားလိဂ်ပွဲ ကျွန်တော်တို့ အနိုင်မရသေးပါဘူး” လို့ ဂွာဒီယိုလာက သတိပေးခဲ့ပါတယ်။
အမှတ်တူ ဖြစ်သွားရင်တောင် အာဆင်နယ်က ဂိုးကွာခြားချက် များများ ရထားတဲ့ အသင်း ဖြစ်တာကြောင့် မန်စီးတီးတို့ ပွဲတိုင်း ၃ မှတ်ယူကာမှသာ ချန်ပီယံ ဖြစ်ဖို့ သေချာနိုင်မှာပါ။ နည်းပြ ပက် ဂွာဒီယိုလာကလည်း ဒီအနေအထားကို သဘော ပေါက်ထားပါတယ်။