ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ သတိပေးချက်

လာမည့် မေလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ စုစုစံက ပြောပါတယ်။

စုစုစံက “ပင်လယ်ပြင်အပူချိန်မြင့်တက်နေသဖြင့် အဖျက်စွမ်းအားပြင်းမုန်တိုင်း အဆင့် ဖြစ်နိုင်တဲ့ အလားအလာရှိလို့ အထူး သတိထား စောင့်ကြည့်ထောက်လှမ်းနေပါတယ်” လို့ ပြောပါတယ်။

အခုမေလ အတွင်း ပုံမှန်ထက်ပူပြင်းခြောက်သွေ့နိုင်ပြီး မေလ နောက်ဆုံးပတ်မှာ ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းဖြစ်ပေါ်နိုင်ပါတယ်။

ဇွန်လပထမပတ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း (သို့မဟုတ်) ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်လို့လည်း စုစုစံက ပြောကြားထားပါတယ်။

လာမယ့် ၂၄ နာရီအတွက်တော့ တောင်ငူခရိုင် နေပြည်တော် လွိုင်ကော်ခရိုင် လင်းခေးခရိုင် ပင်လောင်းဒေသ တောင်ကြီးခရိုင် ကလောခရိုင် ရမည်းသင်းခရိုင်မိတ္ထီလာခရိုင် ကျောက်ဆည်ခရိုင် မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ကျောက်မဲခရိုင် ဒေသတွေမှာမိုးရွာနိုင်ကြောင်းလည်း အသိပေးထားပါတယ်။