မုတ်သုံမိုး ဘယ်တော့ စတင်မယ်ဆိုတာ သတင်းကောင်းပေးလာတဲ့ မိုးလေဝသ ခန့်မှန်းချက်

မေလ ၁၅ ရက်မှ မေလ ၂၁ ရက်အထိကာလအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယကမ်းခြေအနီးမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၂၀% ရှိတယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

“GTH(Outlook)ထုတ်ပြန်ချက်မှာ ၂၀% သာရှိတာကြောင့် ဖြစ်နိုင်ချေအလွန်နည်းတဲ့အပြင် GEFS ရဲ့ ကြိုတင်ခန့်မှန်းချက်မှာလဲ မေလ ၂၄ ရက်အထိ မုန်တိုင်းဖြစ်နိုင်မဲ့အခြေအနေလဲ မတွေ့ရပါဘူး။”

ထပ်မံရရှိတဲ့ GEFS ကြိုတင်ခန့်မှန်းချက်တွေမှာ မေလ ၁၉ ရက်နောက်ပိုင်းက စပြီး အနောက်-အနောက်တောင်လေတိုက်နှုန်း မြင့်တက်လာပြီးတဲ့နောက် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှ ရေခိုးရေငွေ့ကြွယ်ဝတဲ့မိုးတိမ်တွေ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေအထိ ရောက်ရှိလာပြီး မိုးရာသီကာလ စတင်နိုင်တော့မယ်လို့ ခန့်မှန်းရပါတယ်။

အချုပ်အားဖြင့်ပြောရရင် မုန်တိုင်းဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းသာရှိပြီး အနောက်-အနောက်တောင်လေစီးကြောင်း အားကောင်းလာတာကြောင့် မုန်တိုင်းဖြစ်နိုင်ချေနည်းသွားပါတယ်။

တနင်္သာရီတိုင်းတောင်ပိုင်းအစွန်မှ ဧရာဝတီ-ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့ပါဝင်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ မုတ်သုံမိုး စတင်ရွာသွန်းနိုင်တော့မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Win Naing