အင်္ဂလန်မှာ နေရာယူတော့မယ့် ဒင်း ဟန်ဒါဆန်၊ ရွန်းနီ ဆန္ဒ နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ
ဘရူနို ဖာနန်ဒက်စ်ဟာ ပတ်ဝန်းကျင်သစ်မှာ လျင်လျင်မြန်မြန် အသားကျနိုင်သလို အခု လက်ရှိထက် စွမ်းဆောင်ရည်ကောင်းတွေ အများကြီး ထုတ်ပြနိုင်ဖို့ ရှိသေးကြောင်း ပေါ်တူဂီသားရဲ့ ဆရာဟောင်း စပို့တင်း နည်းပြ ဆီလက်စ်က ပြောကြားလိုက်ပါတယ်။
ခြေကျင်းဝတ် ဒဏ်ရာ ကုသမှုခံယူပြီး ဒီဇင်ဘာ လကုန်ပိုင်းတည်းက ယူနိုက်တက်နဲ့ ပါဝင် မကစားနိုင်ခဲ့တဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ဒီတစ်ပတ်ထဲမှာ အသင်းနဲ့ အတူ ထရိန်နင် ပြန်ဆင်းနိုင်မယ်လု့ိ မန်ချက်စတာ အခြေစိုက် သတင်းဌာနများက ဖော်ပြထားပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းဟောင်းကို ပွဲစဉ်တော်တော်များများ အနိုင်ရတဲ့ အသင်း ဖြစ်စေလိုဆဲ ဖြစ်ပေမယ့် လာမယ့် ကြာသပတေးနေ့ ၎င်းရဲ့ လက်ရှိကလပ် ဒါဘီနဲ့ ရင်ဆိုင်ရာမှာတော့ အနိုင်မရစေလိုကြောင်း ဝန်ခံစကား ဆိုခဲ့ပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ဂိုးပေါက် တာဝန်ယူဖို့ ယူနိုက်တက် လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကို စောင့်ကြည့်နေပါတယ်။ ရှက်ဖီးမှာ အငှား ကစားရင်း လက်စွမ်းပြနေတဲ့ ဟန်ဒါဆန်ကြောင့် အင်္ဂလန် လက်ရှိနံပါတ် တစ် ဂိုးသမား ပစ်ဖို့ဒ် အတွက်တော့ ဖိအားတွေ များလာနေပြီ ဖြစ်ပါတယ်။
အက်ဖ်အေက ပရီးမီးယားလိဂ်နဲ့ တကွ အက်ဖ်အေဖလား ပြိုင်ပွဲတွေကို ပရိသတ် မပါဝင်စေဘဲ ကွင်းပိတ် ကျင်းပစေဖို့ စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။ တစ်ကမ္ဘာလုံး အနှံ့ ပြန့်ပွားနေတဲ့ ကပ်ဘေးကို ကာကွယ်ဖို့ ဒါက အကောင်းဆုံး အစီအစဉ် ဖြစ်မယ်လို့လည်း ၎င်းတို့က ယုံကြည်နေပါတယ်။
ဂိုးသမား ဒီဂီယာက မယုံနိုင်လောက်စရာ ကာကွယ်မှုကောင်းတွေ လုပ်နေပေမယ့် ကွင်းထဲမှာ အခြား ကစားသမားတွေလို ပေးပို့မှုကောင်းတွေ ကိုပါ ပြုလုပ်စေဖို့ မျှော်လင့်နေတာက များလွန်းကြောင်း ပေါမာဆန်က ဒီဂီယာဘက်ကနေ စာနာစကား ဆိုခဲ့ပါတယ်။
Zawgyi – ဘရူနို ဖာနန်ဒက်စ်ဟာ ပတ်ဝန်းကျင်သစ်မှာ လျင်လျင်မြန်မြန် အသားကျနိုင်သလို အခု လက်ရှိထက် စွမ်းဆောင်ရည်ကောင်းတွေ အများကြီး ထုတ်ပြနိုင်ဖို့ ရှိသေးကြောင်း ပေါ်တူဂီသားရဲ့ ဆရာဟောင်း စပို့တင်း နည်းပြ ဆီလက်စ်က ပြောကြားလိုက်ပါတယ်။
ခြေကျင်းဝတ် ဒဏ်ရာ ကုသမှုခံယူပြီး ဒီဇင်ဘာ လကုန်ပိုင်းတည်းက ယူနိုက်တက်နဲ့ ပါဝင် မကစားနိုင်ခဲ့တဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ဒီတစ်ပတ်ထဲမှာ အသင်းနဲ့ အတူ ထရိန်နင် ပြန်ဆင်းနိုင်မယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနများက ဖော်ပြထားပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း ၀ိန်းရွန်းနီက အသင်းဟောင်းကို ပွဲစဉ်တော်တော်များများ အနိုင်ရတဲ့ အသင်း ဖြစ်စေလိုဆဲ ဖြစ်ပေမယ့် လာမယ့် ကြာသပတေးနေ့ ၄င်းရဲ့ လက်ရှိကလပ် ဒါဘီနဲ့ ရင်ဆိုင်ရာမှာတော့ အနိုင်မရစေလိုကြောင်း ၀န်ခံစကား ဆိုခဲ့ပါတယ်။