အင်္ဂလန်ညာခြမ်းမှာ စီးတီးနဲ့ ချယ်ဆီး အတွဲ ပွဲထွက်ခွင့်ရသင့်ကြောင်း ထောက်ပြ

ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပွဲထွက်လူစာရင်း အသုံးပြုဖို့အတွက် တိုက်စစ်မှူးဟောင်း အိုဝင်က အကြံပေးလာပါတယ်။
အိုဝင်ကတော့ ၄-၃-၃ ပုံစံကို သဘောကျနေကာ စီးတီး ကြယ်ပွင့် ဖိုဒန်ကို တောင်ပံထက် နံပါတ် ၈ နေရာကနေ မြင်လိုပါတယ်။ သူ့ရဲ့ ဘေးမှာတော့ ချယ်ဆီးမှ ပါလ်မာကို ထားလိုနေတာပါ။
နှစ်ဦးသား ပြသနေတဲ့ ခြေစွမ်းတွေအရလည်း ဖိုဒန်ရဲ့ တွဲဘက်ဟာ အာဆင်နယ်မှ ဆာကာ မဟုတ်ဘဲ ပါလ်မာဖြစ်သင့်တယ်လို့ အိုဝင်က ဆိုပါတယ်။
“ ကျနော်ဆိုရင်တော့ ဆာကာကို ကျော်ပြီး ပါလ်မာကို ပွဲထွက်စေပါမယ်။ ပါလ်မာရဲ့ ပုံစံကောင်းနဲ့ အရည်အချင်းကို ခင်ဗျားတို့ မျက်ကွယ်ပြုလို့ မရပါဘူး။
ဒီတော့ ကျနော်ကတော့ ပါလ်မာကို ကြိုက်တယ်၊ သူ့ကို ညာတောင်ပံမှာ သုံးချင်တယ်။ ဖိုဒန်နဲ့ သူ့ကို တွဲပေးပြီး တစ်ဦးကို တောင်ပံထားမယ်၊ တစ်ဦးကို ကွင်းလယ်မှာထားမယ်။
ပြီးရင် ရိုက်စ်ကို နံပါတ် ၆ မှာ တစ်ဦးတည်းထားမယ်။ ဘယ်လင်ဟမ်နဲ့ ဖိုဒန်ကတော့ နံပါတ် ၈ သမားတွေပေါ့ ” လို့ အိုဝင်က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။