စနေ ညနေခင်း လန်ဒန်မှာ ကန်မယ့် ဖူလ်ဟမ် – မန်စီးတီး ပွဲ ဘယ်လို ရလဒ် ထွက်ပေါ်လာမလဲ

ပက်ရဲ့ မန်စီးတီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီပွဲက ပွဲစဉ် ၃၇ ဖြစ်ပြီး စီးတီးရဲ့ ပွဲကျန် စပါးနဲ့ ပွဲကတော့ လာမယ့် ကြားရက်မှ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဖူလ်ဟမ် – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲက အာဆင်နယ်ရဲ့ နောက်ဆုံး အခွင့်အရေး ပါပဲ။ စီးတီးနဲ့ တွေ့မယ့် ပြိုင်ဘက်တွေထဲမှာ စပါးနဲ့ ဝက်စ်ဟမ်းတို့က ပုံစံကောင်းတွေ ပျောက်ဆုံးနေတာမို့ ဖူလ်ဟမ်ကပဲ မန်စီးတီးအတွက် အခက်ခဲဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကလွဲလို့ မန်စီးတီး နိုင်ပွဲ မရစရာ အကြောင်း မမြင်ပါဘူး။

ဝုဗ်ကို အနိုင်ယူတုန်းက ဟာလန်းဟာ သွင်းဂိုး ၄ ဂိုး သွင်းခဲ့ပြီး စီးတီးကို ပိုကောင်းတဲ့အသင်း ဖြစ်စေခဲ့တယ်။ ဖူလ်ဟမ်က အသင်းကောင်းပါ၊ ဒါပေမယ့် သူတို့ ဒီပွဲမှာ ဂိုးသွင်းနိုင်ဖို့လိုပါတယ်။

အာဆင်နယ် လုပ်နိုင်တာကတော့ သူတို့ပွဲတွေကို အနိုင်ယူပြီး ရာသီသိမ်းပွဲထိ စောင့်ကြည့်ဖို့ပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၁-၃ မန်ချက်စတာ စီးတီး။

ပွဲချိန် က တော့ မနက်ဖြန် စနေနေ့ ညနေ ၆ နာရီ အချိန် ဖြစ်ပါတယ်။