နွေအပြောင်းအရွှေ့အတွက် အရေးပါဆုံး ဌာနကြီးတစ်ရပ်ကို ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်
ယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့တွေမှာ အသင်းအတွက် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ဖို့ အချက်အလက်ဆိုင်ရာ ဒေတာတွေကို ပြုစုနိုင်မယ့် ဌာနကြီးတစ်ရပ်ကို ဖွဲ့စည်းဖို့ စတင် ပြင်ဆင်နေပါတယ်။
မော်ဒန်ဘောလုံးလောကမှာ ကင်းထောက်တွေရဲ့ လူသစ် စုဆောင်းမှုနဲ့တင် အလုပ်မလုပ်တော့ပဲ ဒေတာပိုင်းဆိုင်ရာ အထူးပြုမှုတွေကိုပါ ပြုလုပ်နေကြတာပါ။ ယူနိုက်တက်ကလည်း အသင်းဘက်က ကင်းထောက်ထားတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ခွဲခြမ်း စိစစ်ပေးမယ့် ဌာနကို ဖွဲ့စည်းလိုနေတာဖြစ်တယ်။
အဆိုပါ ဌာနဟာ ကလပ်အသင်း ပြင်ပမှာ ကစားသမားတွေထဲက အသင်းထံကို ပြောင်းလာပြီး အကူအညီဖြစ်ဖို့တင် မကပဲ အကယ်ဒမီထွက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုပါ အကဲဖြတ်မှုတွေ လုပ်ပေးရမှာဖြစ်တယ်။ ဒါဟာ ကစားသမားတွေရဲ့ ကွင်းတွင်း ခြေစွမ်းကိုပဲ အကဲဖြတ်ပြီး ခေါ်ယူမှုတွေ စင်တင်မှုတွေ လုပ်နေတဲ့ ယူနိုက်တက်အတွက် အပြောင်းအလဲကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်ခြင်းမှာ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို နာမည်ကျော်ခြင်း မကျော်ခြင်း၊ ထိပ်တန်းအသင်းမှာ ရှိခြင်း မရှိခြင်းထက် သူ့ရဲ့ ဒေတာကိုပဲ အဓိကထား ကြည့်ရှုမှာဖြစ်လို့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ပဲ ကမ်းလှမ်းမှုလို ကိစ္စတွေကို လျော့ချနိုင်မှာဖြစ်တယ်။ အမေရိကန်မှာ ဒီစနစ်ကို အသုံးပြုနေကြတဲ့ အားကစားပြိုင်ပွဲတွေ အများကြီးရှိပြီး ဘောလုံးကလပ်တွေကပါ စတင်ကာ ကျင့်သုံးနေကြပြီဖြစ်တယ်။
ဈေးကွက်မှာ အသုံးစရိတ် နည်းနည်းပဲ အသုံးပြုနိုင်တဲ့ ကလပ်အသင်း ငယ်တွေက ဒီစနစ်ကို ကျင့်သုံးမှု များပြားပြီး အောင်မြင်မှုတွေ ရရှိနေကြပါတယ်။ ယူနိုက်တက်ရဲ့ ပြိုင်ဘက် လီဗာပူးဟာ ဒေတာပိုင်းဆိုင်ရာ ခန့်ခွဲမှုကို အတော်လေး အားကိုးတဲ့ ကလပ်ဖြစ်ကာ ၎င်းတို့ဟာ ကစားသမား စောင့်ကြည့်မှုတွေကို ကွင်းထဲက ခြေစွမ်းတင်မကပဲ အချက်အလက်တွေနဲ့ အသေးစိတ် စိစစ်မှု လုပ်ဆောင်ကြပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ လာမယ့္ အေျပာင္းအေရႊ႔ေတြမွာ အသင္းအတြက္ ကစားသမားေကာင္းေတြကို ေခၚယူႏုိင္ဖို႔ အခ်က္အလက္ဆိုင္ရာ ေဒတာေတြကို ျပဳစုႏုိင္မယ့္ ဌာနၾကီးတစ္ရပ္ကို ဖြဲ႔စည္းဖို႔ စတင္ ျပင္ဆင္ေနပါတယ္။
ေမာ္ဒန္ေဘာလံုးေလာကမွာ ကင္းေထာက္ေတြရဲ႕ လူသစ္ စုေဆာင္းမႈနဲ႔တင္ အလုပ္မလုပ္ေတာ့ပဲ ေဒတာပိုင္းဆိုင္ရာ အထူးျပဳမႈေတြကိုပါ ျပဳလုပ္ေနၾကတာပါ။ ယူႏုိက္တက္ကလည္း အသင္းဘက္က ကင္းေထာက္ထားတဲ့ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ခြဲျခမ္း စိစစ္ေပးမယ့္ ဌာနကို ဖြဲ႔စည္းလိုေနတာျဖစ္တယ္။
အဆိုပါ ဌာနဟာ ကလပ္အသင္း ျပင္ပမွာ ကစားသမားေတြထဲက အသင္းထံကို ေျပာင္းလာျပီး အကူအညီျဖစ္ဖို႔တင္ မကပဲ အကယ္ဒမီထြက္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကိုပါ အကဲျဖတ္မႈေတြ လုပ္ေပးရမွာျဖစ္တယ္။ ဒါဟာ ကစားသမားေတြရဲ႕ ကြင္းတြင္း ေျခစြမ္းကိုပဲ အကဲျဖတ္ျပီး ေခၚယူမႈေတြ စင္တင္မႈေတြ လုပ္ေနတဲ့ ယူႏုိက္တက္အတြက္ အေျပာင္းအလဲၾကီး တစ္ရပ္လည္း ျဖစ္ပါတယ္။
ဒီလို လုပ္ေဆာင္ျခင္းမွာ ကစားသမားရဲ႕ စြမ္းေဆာင္ရည္ကို နာမည္ေက်ာ္ျခင္း မေက်ာ္ျခင္း၊ ထိပ္တန္းအသင္းမွာ ရွိျခင္း မရွိျခင္းထက္ သူ႔ရဲ႕ ေဒတာကိုပဲ အဓိကထား ၾကည့္ရႈမွာျဖစ္လို႔ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ပဲ ကမ္းလွမ္းမႈလို ကိစၥေတြကို ေလ်ာ့ခ်ႏုိင္မွာျဖစ္တယ္။ အေမရိကန္မွာ ဒီစနစ္ကို အသံုးျပဳေနၾကတဲ့ အားကစားျပိဳင္ပြဲေတြ အမ်ားၾကီးရွိျပီး ေဘာလံုးကလပ္ေတြကပါ စတင္ကာ က်င့္သံုးေနၾကျပီျဖစ္တယ္။
ေစ်းကြက္မွာ အသံုးစရိတ္ နည္းနည္းပဲ အသံုးျပဳႏုိင္တဲ့ ကလပ္အသင္း ငယ္ေတြက ဒီစနစ္ကို က်င့္သံုးမႈ မ်ားျပားျပီး ေအာင္ျမင္မႈေတြ ရရွိေနၾကပါတယ္။ ယူႏုိက္တက္ရဲ႕ ျပိဳင္ဘက္ လီဗာပူးဟာ ေဒတာပိုင္းဆိုင္ရာ ခန္႔ခြဲမႈကို အေတာ္ေလး အားကိုးတဲ့ ကလပ္ျဖစ္ကာ ၄င္းတို႔ဟာ ကစားသမား ေစာင့္ၾကည့္မႈေတြကို ကြင္းထဲက ေျခစြမ္းတင္မကပဲ အခ်က္အလက္ေတြနဲ႔ အေသးစိတ္ စိစစ္မႈ လုပ္ေဆာင္ၾကပါတယ္။