ယနေ့ မေလ ၁၀ ရက်နေ့မှာ ရန်ကုန် စက်သုံးဆီးစျေးနှုန်းများ ကျဆင်း

ယနေ့ မေလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့တွင်း စက်သုံးဆီစျေးနှုန်းများ ကျဆင်းလာပြီး ၉၂ တစ်လီတာလျှင် ကျပ် ၁၅၀ ကျော် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ စျေးနှုန်းစာရင်းအရ သိရပါတယ်။

ယနေ့ စက်သုံးဆီစျေးနှုန်းတွေမှာတော့ ၉၂ တစ်လီတာလျှင် ကျပ် ၂၆၆၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၇၆၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၂၅ သို့ ပြန်လည်ကျဆင်းလာပါတယ်။

ယမန်နေ့ မေလ ၉ ရက်နေ့ စက်သုံးဆီစျေးနှုန်းတွေကတော့ ၉၂ တစ်လီတာလျှင် ကျပ် ၂၈၃၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၉၄၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၀၀ ဖြစ်ပါတယ်။

ဒါကြောင့် ၉၂ တစ်လီတာလျှင် ၁၇၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၈၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၇၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၈၀ အထိ ကျဆင်းခဲ့တာပါ။

မတ်လနဲ့ ဧပရယ်လတွေမှာ အမြင့်ဆုံးတန်းကို ရောက်ရှိခဲ့တဲ့ စက်သုံးဆီးဟာ ဒီကနေ့ မေလ ၁၀ ရက်မှာ ကျဆင်းလာခြင်းပဲဖြစ်ပါတယ်။