ဒီညနေ ဖူလ်ဟမ်နဲ့ ပွဲ အတွက် သူ စိုးရိမ်တဲ့ တစ်ချက်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ပက် ဂွာဒီယိုလာ

နည်းပြ ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အသားပေး ကစားတတ်တဲ့ အသင်းဖြစ်တာကြောင့် အီတီဟတ်ကွင်းမှာ ဆိုရင် ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာတော့ ကွင်းအခြေအနေကြောင့် ပြိုင်ဘက်က အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့ပြီး အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူခဲ့ကြောင်း ဂွါဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။

ဝေဖန်သူအများစုကတော့ ဂွါဒီယိုလာဟာ ဖောရက်စ်ရဲ့ကွင်းအခြေအနေအပေါ် အပြစ်တင် သွားတယ်လို့ ယူဆကြပြီး ဒီနေ့ည ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲမှာတော့ ကွင်းအခြေအနေက ကောင်းမွန်နေလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့ အစွမ်းကုန်ပေးဆပ်ဖို့အတွက် တစ်ပတ်ပဲ ကျန်ပါတော့တယ်။ မြက်ခင်းအကြောင်းတော့ ကျွန်တော် မသိပါဘူး။ မနှစ်ကတော့ ဒီမြက်ခင်းတွေက ရှည်ပြီး ခြောက်နေပါတယ်။ ကျွန်တော်တို့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲကလို အသားကျအောင် ကစားပြီး ၃မှတ်ယူရပါမယ်။

ကြာသပတေးနေ့တုန်းက ကျွန်တော်တို့ မြက်ခင်းရှည်နဲ့ လေ့ကျင့်ခဲ့ကြပြီး အဲ့ဒီနောက် ပုံမှန်ကွင်းအခြေအနေနဲ့လည်း လေ့ကျင့်ထားပါတယ်။ အဲ့ဒါက တော်တော်လေး ကွာခြားပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေနဲ့ ကျွန်တော်တို့ အသားကျ နေရပါမယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ရာသီကုန်မှာ ကိုင်မြောက်နိုင်ဖို့အတွက် လက်ကျန် ၃ပွဲစလုံးကို အနိုင် ကစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။