ရပ်ပါတော့လို့တောင် တားယူရတဲ့ ဘရူနိုရဲ့ ကြိုးစားမှုအကြောင်း စပို့တင်းမန်နေဂျာ အသိပေး

စပို့တင်းမန်နေဂျာ Silas က ယူနိုက်တက်အသင်းသား ဘရူနိုဟာ အတော်လေးကို ကြိုးစားသူဖြစ်ပြီး ဒါကြောင့်လည်း အင်္ဂလန်မှာ ခပ်မြန်မြန် အသားကျလာခဲ့ကြောင်းကို ချီးကျူးမှု လုပ်ခဲ့ပါတယ်။

ဇန်နဝါရီကမှ ယူနိုက်တက်ကို ပြောင်းလာတဲ့ ပေါ်တူဂီ လက်ရွေးစင်ဟာ မထင်ထားလောက်အောင်ကို အသင်းနဲ့ အံဝင်မှု ရှိနေတာပါ။ လက်ရှိမှာဆိုရင် ပရိသတ်တွေက သူနဲ့ ပေါ့ဘာတို့ ပေါင်းဖက်မိသွားရင်ဆိုတဲ့ စိတ်လှုပ်ရှားစရာ မှတ်ချက်ကောင်းကိုတောင် ထုတ်ဖော်နေကြတာဖြစ်တယ်။

Silas က ပြောရာမှာ ” ယူနိုက်တက်ကို သူစရောက်တော့ အားလုံးရဲ့ သံသယမျက်လုံးတွေနဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခု သူ ဘယ်လို အနေအထားမှာ ရှိနေလဲဆိုတာ မြင်ကြမှာပါ။ သူက ခြေစွမ်း ပိုမို တိုးတက်လာဦးမှာဖြစ်ပြီး လမယ့် လ အနည်းငယ်မှာဆိုရင် ယူနိုက်တက်နဲ့ ပိုမို ဟန်ချက်ညီကာ ခြေစွမ်းတွေ တိုးတက်လာဦးမှာပါ။

ဘရူနိုက အခြားသော ကစားသမားတွေနဲ့ ကွဲပြားပါတယ်။ သူက ပုံမှန် လေ့ကျင့်ရေး ပြီးရင်တောင်မှ ဂိုးပေါက် ကန်သွင်းမှုတွေကို တစ်နာရီလောက် ထပ်ပြီး ကြိုးစားလေ့ရှိသူပါ။ ကျနေ်ာတို့က သူ့ကို လေ့ကျင့်တာ ရပ်သင့်ပြီနော်လို့တောင် တားမြင်ရတာပါ ” လို့ ဖြစ်ပါတယ်။

ဝါရင့် သုံးသပ်သူကြီး ဂရေမီဆောင်းနပ်ကလည်း ” ဘရူနိုဟာ ယူနိုက်တက်အတွက် စစ်မှန်တဲ့ ကစားသမား ခေါ်ယူမှု တစ်ရပ်ပါပဲ။ သူဟာ ဂိုးတွေကိုလည်း သွင်းယူနိုင်ပါဦးမယ်။ ဒီအတွက် သူ ပိုပြီး ကောင်းသထက် ကောင်းလာ စေနိုင်ဖို့ လိုအပ်နေတာက ပွဲအရှိန်ကို မိနစ် ၉၀ အပြည့် မြိုင်ဆိုင်စေဖို့ပါပဲ။

ပေါ်တူဂီကနေ လာတဲ့ သူ တစ်ဦး အတွက် ဒါဟာ အပါတ်တိုင်း လုပ်ပြနိုင်ရေးဆိုတာ ဖိအား တစ်ခု ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ကစား ပေးနေရပြီဆိုရင် ခင်ဗျားဟာ အကောင်းဆုံး ပုံစံတွေကို အပါတ်စဉ် ပြသနိုင်ဖို့ လိုအပ်နေပါလိမ့်မယ် ” လို့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

ZAWGYI

စပို႔တင္းမန္ေနဂ်ာ Silas က ယူႏုိက္တက္အသင္းသား ဘရူႏိုဟာ အေတာ္ေလးကို ၾကိဳးစားသူျဖစ္ျပီး ဒါေၾကာင့္လည္း အဂၤလန္မွာ ခပ္ျမန္ျမန္ အသားက်လာခဲ့ေၾကာင္းကို ခ်ီးက်ဴးမႈ လုပ္ခဲ့ပါတယ္။

ဇန္နဝါရီကမွ ယူႏုိက္တက္ကို ေျပာင္းလာတဲ့ ေပၚတူဂီ လက္ေရြးစင္ဟာ မထင္ထားေလာက္ေအာင္ကို အသင္းနဲ႔ အံဝင္မႈ ရွိေနတာပါ။ လက္ရွိမွာဆိုရင္ ပရိသတ္ေတြက သူနဲ႔ ေပါ့ဘာတို႔ ေပါင္းဖက္မိသြားရင္ဆိုတဲ့ စိတ္လႈပ္ရွားစရာ မွတ္ခ်က္ေကာင္းကိုေတာင္ ထုတ္ေဖာ္ေနၾကတာျဖစ္တယ္။

Silas က ေျပာရာမွာ ” ယူႏုိက္တက္ကို သူစေရာက္ေတာ့ အားလံုးရဲ႕ သံသယမ်က္လံုးေတြနဲ႔ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ အခု သူ ဘယ္လို အေနအထားမွာ ရွိေနလဲဆိုတာ ျမင္ၾကမွာပါ။ သူက ေျခစြမ္း ပိုမို တိုးတက္လာဦးမွာျဖစ္ျပီး လမယ့္ လ အနည္းငယ္မွာဆိုရင္ ယူႏုိက္တက္နဲ႔ ပိုမို ဟန္ခ်က္ညီကာ ေျခစြမ္းေတြ တိုးတက္လာဦးမွာပါ။

ဘရူႏိုက အျခားေသာ ကစားသမားေတြနဲ႔ ကြဲျပားပါတယ္။ သူက ပံုမွန္ ေလ့က်င့္ေရး ျပီးရင္ေတာင္မွ ဂိုးေပါက္ ကန္သြင္းမႈေတြကို တစ္နာရီေလာက္ ထပ္ျပီး ၾကိဳးစားေလ့ရွိသူပါ။ က်ေန္ာတို႔က သူ႔ကို ေလ့က်င့္တာ ရပ္သင့္ျပီေနာ္လို႔ေတာင္ တားျမင္ရတာပါ ” လို႔ ျဖစ္ပါတယ္။

ဝါရင့္ သံုးသပ္သူၾကီး ဂေရမီေဆာင္းနပ္ကလည္း ” ဘရူႏိုဟာ ယူႏိုက္တက္အတြက္ စစ္မွန္တဲ့ ကစားသမား ေခၚယူမႈ တစ္ရပ္ပါပဲ။ သူဟာ ဂိုးေတြကိုလည္း သြင္းယူႏိုင္ပါဦးမယ္။ ဒီအတြက္ သူ ပိုၿပီး ေကာင္းသထက္ ေကာင္းလာ ေစႏိုင္ဖို႔ လိုအပ္ေနတာက ပြဲအရွိန္ကို မိနစ္ ၉၀ အျပည့္ ၿမိဳင္ဆိုင္ေစဖို႔ပါပဲ။

ေပၚတူဂီကေန လာတဲ့ သူ တစ္ဦး အတြက္ ဒါဟာ အပါတ္တိုင္း လုပ္ျပႏိုင္ေရးဆိုတာ ဖိအား တစ္ခု ျဖစ္ခ်င္ ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ ယူႏိုက္တက္အတြက္ ကစား ေပးေနရၿပီဆိုရင္ ခင္ဗ်ားဟာ အေကာင္းဆုံး ပုံစံေတြကို အပါတ္စဥ္ ျပသႏိုင္ဖို႔ လိုအပ္ေနပါလိမ့္မယ္ ” လို႔ သတိေပးစကား ေျပာၾကားခဲ့ပါတယ္။