ဆန်ချိုနဲ့ ဂရီလစ်တို့ကို ခေါ်ယူနိုင်ခဲ့ရင် လာမယ့်ရာသီ ယူနိုက်တက် ထုတ်သုံးနိုင်မယ့် ကစားကွက် ၃ မျိုး
ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်ယူဖို့ အလေးအနက်ထား ကြိုးစားနေသလိုပဲ အက်စတွန်ဗီလာမှ ဂရီလစ်ကိုလည်း ခေါ်ယူနိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီဖြစ်တယ်။
ယူနိုက်တက်ရဲ့ ညာတောင်ပံဟာ ကာလရှည် အားနည်းနေတဲ့ နေရာတစ်ခုဖြစ်ပြီး ဆန်ချိုဟာ တိုက်ရိုက် ခေါ်ယူမှု ဖြစ်လာနိုင်တယ်။ ပေါ့ဘာရဲ့ အနာဂတ်က မသေချာသေးပေမယ့် လာမယ့်ရာသီ သူပါဝင်နိုင်ခြင်း မရှိမယ့် လူစာရင်းတစ်ခုကို မန်ချက်စတာ အခြေစိုက် သတင်းဌာနက ခန့်မှန်း ပုံဖော်ကြည့်ခဲ့ပါတယ်။
4-3-3
ဒဏ်ရာက ပြန်သက်သာလာတဲ့နောက် အလုပ်ဖြစ်လာနေတဲ့ ဘိုင်လီကို မက်ဂွဲရားနဲ့ တွဲဘက်ပေးပြီး ဘယ်ညာ အစွန်တွေကို ဘစ်ဆာကာ၊ ရှောတို့နဲ့ တွဲဘက်ပေးခြင်းက ယူနိုက်တက်ခံစစ် တောင့်တင်းမှုအတွက် အကောင်းဆုံးပါပဲ။ ကွင်းလယ် သုံးယောက်တန်းအဖြစ် ဖရတ်၊ ဖာနန်ဒက်စ်၊ ဂရီလစ်တို့ကို တွဲဘက်က တိုက်စစ်က ဆန်ချို၊ မာရှယ်၊ ရပ်ဖိုဒ့်အတွဲဆိုရင် ဒါက ပရီးမီးယားလိဂ် ထိပ်တန်းလူစာရင်း ဖြစ်စေမှာပါ။
3-4-3
ပွဲကြီးတွေအဖြစ် လီဗာပူး၊ စီးတီး၊ ချယ်ဆီးပွဲတွေမှာ ဆိုးရှား သုံးခဲ့တဲ့ လူထုတ်ပုံကို အခြေခံထားတဲ့ လူစာရင်း ဖြစ်ပါတယ်။ ရှော့ ခံစစ်သုံးယောက်တန်းမှာ ခြေစွမ်းပြနေပြီး အစွန်နှစ်ဘက်ကိုတော့ လူငယ် အစွန်လူတွေက အားဖြည့်မှာပါ။ ကွင်းလယ်မှာ ဂရီလစ်ထည့်ရင် ခံစစ်ပိုင်း အားပြုမှု အင်အားနည်းမှာဖြစ်လို့ သူ့ကို ဘယ်တောင်ပံပို့ထားပြီး ဆန်ချို၊ ရပ်ဖိုဒ့်တို့နဲ့ တွဲဘက်ကစားလို့ ရပါတယ်။
4-1-2-1-2
ဒီကစားကွက်က သုံးခဲပေမယ့် ပြီးခဲ့တဲ့ ဂူဒီဆင်ပွဲမှာ မြင်ခဲ့ရပါတယ်။ တိုက်စစ်သမားနေရာကို မြန်ဆန်တဲ့ ဆန်ချိုနဲ့ ရပ်ဖိုဒ့်ကို တွဲကစားစေပြီး ဖာနန်ဒက်စ်ကို တိုက်စစ် လွတ်လွတ်လပ်လပ် လိုက်ပါခွင့်ပေးပါမယ်။ တော်မီနေး၊ ဖရတ်၊ ဂရီလစ်တို့က ကွင်းလယ်ကနေ ထောက်ပံ့ပေးမယ့် ကစားကွက်ဖြစ်ပါတယ်။ လိုအပ်လာမယ်ဆိုရင် ဘယ်ခြမ်း ကွင်းလယ်က ဂရီလစ်ဟာ ဘယ်တောင်ပံကို ထွက်လို့ ရမှာ ဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔မွာ ဆန္ခ်ိဳကို ေခၚယူဖို႔ အေလးအနက္ထား ၾကိဳးစားေနသလိုပဲ အက္စတြန္ဗီလာမွ ဂရီလစ္ကိုလည္း ေခၚယူႏုိင္မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနျပီျဖစ္တယ္။
ယူႏုိက္တက္ရဲ႕ ညာေတာင္ပံဟာ ကာလရွည္ အားနည္းေနတဲ့ ေနရာတစ္ခုျဖစ္ျပီး ဆန္ခ်ိဳဟာ တိုက္ရိုက္ ေခၚယူမႈ ျဖစ္လာႏုိင္တယ္။ ေပါ့ဘာရဲ႕ အနာဂတ္က မေသခ်ာေသးေပမယ့္ လာမယ့္ရာသီ သူပါဝင္ႏုိင္ျခင္း မရွိမယ့္ လူစာရင္းတစ္ခုကို မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ခန္႔မွန္း ပံုေဖာ္ၾကည့္ခဲ့ပါတယ္။
4-3-3
ဒဏ္ရာက ျပန္သက္သာလာတဲ့ေနာက္ အလုပ္ျဖစ္လာေနတဲ့ ဘိုင္လီကို မက္ဂြဲရားနဲ႔ တြဲဘက္ေပးျပီး ဘယ္ညာ အစြန္ေတြကို ဘစ္ဆာကာ၊ ေရွာတို႔နဲ႔ တြဲဘက္ေပးျခင္းက ယူႏုိက္တက္ခံစစ္ ေတာင့္တင္းမႈအတြက္ အေကာင္းဆံုးပါပဲ။ ကြင္းလယ္ သံုးေယာက္တန္းအျဖစ္ ဖရတ္၊ ဖာနန္ဒက္စ္၊ ဂရီလစ္တို႔ကို တြဲဘက္က တိုက္စစ္က ဆန္ခ်ိဳ၊ မာရွယ္၊ ရပ္ဖိုဒ့္အတြဲဆိုရင္ ဒါက ပရီးမီးယားလိဂ္ ထိပ္တန္းလူစာရင္း ျဖစ္ေစမွာပါ။
3-4-3
ပြဲၾကီးေတြအျဖစ္ လီဗာပူး၊ စီးတီး၊ ခ်ယ္ဆီးပြဲေတြမွာ ဆိုးရွား သံုးခဲ့တဲ့ လူထုတ္ပံုကို အေျခခံထားတဲ့ လူစာရင္း ျဖစ္ပါတယ္။ ေရွာ့ ခံစစ္သံုးေယာက္တန္းမွာ ေျခစြမ္းျပေနျပီး အစြန္ႏွစ္ဘက္ကိုေတာ့ လူငယ္ အစြန္လူေတြက အားျဖည့္မွာပါ။ ကြင္းလယ္မွာ ဂရီလစ္ထည့္ရင္ ခံစစ္ပိုင္း အားျပဳမႈ အင္အားနည္းမွာျဖစ္လို႔ သူ႔ကို ဘယ္ေတာင္ပံပို႔ထားျပီး ဆန္ခ်ိဳ၊ ရပ္ဖိုဒ့္တို႔နဲ႔ တြဲဘက္ကစားလို႔ ရပါတယ္။
4-1-2-1-2
ဒီကစားကြက္က သံုးခဲေပမယ့္ ျပီးခဲ့တဲ့ ဂူဒီဆင္ပြဲမွာ ျမင္ခဲ့ရပါတယ္။ တိုက္စစ္သမားေနရာကို ျမန္ဆန္တဲ့ ဆန္ခ်ိဳနဲ႔ ရပ္ဖိုဒ့္ကို တြဲကစားေစျပီး ဖာနန္ဒက္စ္ကို တိုက္စစ္ လြတ္လြတ္လပ္လပ္ လိုက္ပါခြင့္ေပးပါမယ္။ ေတာ္မီေနး၊ ဖရတ္၊ ဂရီလစ္တို႔က ကြင္းလယ္ကေန ေထာက္ပံ့ေပးမယ့္ ကစားကြက္ျဖစ္ပါတယ္။ လိုအပ္လာမယ္ဆိုရင္ ဘယ္ျခမ္း ကြင္းလယ္က ဂရီလစ္ဟာ ဘယ္ေတာင္ပံကို ထြက္လို႔ ရမွာ ျဖစ္ပါတယ္။