တရုတ်နိုင်ငံသား ဦးစီးတဲ့ ကာစီနိုဝိုင်း ရန်ကုန်ဟိုတယ် တစ်ခုမှာ ဖမ်းမိ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်က သီရိမွန်အိမ်ယာထဲမှာရှိတဲ့ PAL Hotel ဒုတိယထပ်ကို ဝင်ရောက်စီးနင်းချိန် လောင်းကစားဝိုင်းလုပ်နေသူ တရုတ်နိုင်ငံသား ၉ ဦးနဲ့ မြန်မာတွေအပါအဝင် လူပေါင်း ၄၇ ဦးကို ဖမ်းမိခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။

တရုတ်နိုင်ငံသား မစ္စတာ ယန်ကျန်းဆိုသူ ဖွင့်ထားတဲ့အဲဒီလောင်းကစားဝိုင်းကို မေလ ၁၀ ရက် မနက် ၁ နာရီခွဲက ၀င်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

လောင်းကစားဝိုင်းကို ဦးဆောင်တဲ့ တရုတ်အမျိုးသား၊ အလုပ်လုပ်နေတဲ့ တရုတ်နဲ့ မြန်မာတွေအပြင် ကား ၃၇ စီး၊ လောင်းကစားငွေ သိန်း ၃၀၀ ကျော်၊ ဒါဇင်နဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေနဲ့ ငွေရေစက်တွေကိုလည်း သိမ်းမိခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းမိတဲ့သူတွေကိုတော့ ဘုရင့်နောင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။