ကမ္ဘာပေါ်မှာ ဘီလျံနာသူကြွယ်တွေ အပေါများဆုံး မြို့ကြီး (၁၀) မြို့

ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာကြီးတွေ အများဆုံး နေထိုင်ကြတဲ့ ကမ္ဘာ့မြို့ကြီး ၁၀ မြို့ကို ဖော်ပြသွားပါမယ်။

၁၀။ ဆိုးလ် – (၃၈) ဦး

ဒီစာရင်းရဲ့အဆင့် (၁၀) နေရာမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိနေပါတယ်။ ဆိုးလ်မြို့မှာဆိုရင်တော့ ဘီလျံနာစုစုပေါင်း (၃၈) ဦး အထိနေထိုင်လျက်ရှိပါတယ်။

၉။ ဆန်ဖရန်စစ္စကို – (၄၄) ဦး

အမေရိကန်နိုင်ငံဟာ ဘီလျံနာတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်သလို ဆန်ဖရန်စစ္စကိုမြို့မှာဆိုရင်တော့ လက်ရှိအချိန်မှာ ဘီလျံနာစုစုပေါင်း (၄၄) ဦးနေထိုင်လျက်ရှိပါတယ်။

၈။ မွန်ဘိုင်း – (၅၁) ဦး

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကလည်း ချမ်းသာကြွယ်ဝလွန်းတဲ့ ဘီလျံနာတွေအခြေချနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့မှာနေထိုင်တဲ့ ဘီလျံနာတွေထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Mukesh Ambani ပဲဖြစ်ပါတယ်။

၇။ မော်စကို – (၅၃) ဦး

ရုရှားနိုင်ငံ မော်စကိုမြို့မှာတော့ ဘီလျံနာစုစုပေါင်း (၅၃) ဦးအထိနေထိုင်ပါတယ်။ ရုရှားဟာ သဃံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

၆။ ရှန်ဇန်း – (၅၉) ဦး

တရုတ်နိုင်ငံရဲ့ စီးပွားရေးကလည်း တဟုန်ထိုး တိုးတက်လာနေခဲ့သလို ရှန်ဇန်းမြို့မှာတော့ လက်ရှိ ဘီလျံနာ (၅၉) ဦးနေထိုင်လျက်ရှိပါတယ်။

၅။ ရှန်ဟိုင်း – (၆၁) ဦး

နောက်ထပ်ဘီလျံနာတွေအများဆုံးရှိနေတဲ့ မြို့တစ်မြို့ကလည်း တရုတ်နိုင်ငံက ရှန်ဟိုင်းမြို့ဖြစ်ပါတယ်။

၄။ လန်ဒန် – (၆၆) ဦး

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကတော့ နှစ်စဉ်ဘီလျံနာတွေ လာရောက်အခြေချနေထိုင်မှု တိုးတက်လျှက်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

၃။ ဟောင်ကောင် – (၆၈) ဦး

ခေတ်မီတိုးတက်ပြီး စီးပွားရေးလုပ်ကိုင်လို့ကောင်းတဲ့ ဟောင်ကောင်ကျွန်းကလည်း ဘီလျံနာသူဌေးကြီးတွေ အခြေချနေထိုင်ချင်စရာကောင်းတဲ့မြို့တစ်မြို့ပါ။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဘီလျံနာအချို့က အခြားမြို့ကို ပြောင်းရွှေ့သွားကြတာမျိုး ရှိပါတယ်။

၂။ ပေကျင်း – (၈၃) ဦး

တရုတ်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ပေကျင်းကတော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဘီလျံနာတွေအများဆုံးရှိတဲ့မြို့ဖြစ်ပါတယ်။

၁။ နယူးယော့ခ် – (၁၀၇) ဦး

အမေရိကန်နိုင်ငံနယူးယော့ခ်မြို့မှာဆိုရင်တော့ ဘီလျံနာသူဌေးကြီးစုစုပေါင်း (၁၀၇) ဦးတောင်မှနေထိုင်လျက်ရှိပါတယ်။ သူတို့အားလုံးထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Michael Bloomberg ပဲဖြစ်ပါတယ်။