စီးတီးကို ကျော်ပြီး အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သေးတယ်လို့ အပြည့်အဝ ယုံကြည်နေတဲ့ အာတီတာ

မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် အာတီတာက အာဆင်နယ် မန်စီးတီးကို ကျော်ပြီး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်သေးတယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

အာတီတာရဲ့ အာဆင်နယ်ဟာ ယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒုတိယနေရာမှ မန်စီးတီးထက် တစ်ပွဲပို ကစား၊ ၁ မှတ်ဖြတ်ကာ ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပွဲကျန် တစ်ပွဲ ရှိထားပြီး လာမယ့် အင်္ဂါနေ့တွင် စပါးအသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။

Tottenham Hotspur Stadium ပွဲစဉ်တွင် မည်သည့် ရလဒ် ထွက်ပေါ်လာပါစေ အိုးထရက်ဖို့ဒ်နိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအတွက် နောက်ဆုံးနေ့အထိ တိုက်ပွဲဝင်ခွင့် ရှိနေပါတယ်။

အာတီတာက ” ကျွန်တော်တို့ လူတွေရှေ့မှာ အရမ်း လှပတဲ့နေ့တွေအတူတကွ နေထိုင်ကြမယ်။ ဒီပွဲ(စပါးစ်နှင့် မန်စီးတီး)ကို ကျွန်တော်တို့ ထိုင်ကြည့်မယ်။ တကယ့် အစစ်အမှန်က ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ ရလဒ် ရယူနိုင်ဖို့ပါ”လို့ ပြောကြားသွားပါတယ်။

Opta ရဲ့ ခန့်မှန်းမှုအရ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြေ ၄၁.၃ ရာခိုင်နှုန်း ရှိနေပြီး မန်စီးတီးမှာ ၅၈.၇ ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အာဆင်နယ်ဟာ ယူနိုက်တက်ပွဲမတိုင်မီ ချန်ပီယံဖြစ်ရန် ရေပန်းစားမှု ၂၃.၆ ရာခိုင်နှုန်းသာ ရှိရာမှ ၄၁.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲတာပါ။