ဆန်ချိုအတွက် လက်နှေးနေရခြင်း၊ ပေါ့ဘာ၊ ဘိုင်လီနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
ယူနိုက်တက် နည်းပြ ဆိုးရှား အနေနဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာ ပြန် ပါဝင်လာနိုင်ရင် လက်ရှိ နိုင်ပွဲ ပြန်ရနေတဲ့ အသင်း လူစာရင်းကို ဖျက်ကာ ပြင်သစ်သားကို ထည့်သွင်းဖို့ ဘယ်လို ကိုင်တွယ်မလဲဆိုတာ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက မေးခွန်းထုတ်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက် လူငယ်ခံစစ်မှူး တူရမ်ဇီဘီက ယူနိုက်တက် နည်းပြ ဆိုးရှားရဲ့ အစီအစဉ်တွေထဲ အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင်ချင်နေပြီး မဝေးတဲ့ အနာဂတ်မှာ ခေါင်းဆောင် တစ်ဦး ဖြစ်လာလိုတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ဖ်ကို ယူနိုက်တက် က ခေါ်ယူဖို့ စိတ်ဝင်စားမှု ရပ်တန့်လိုက်ပြီ ဖြစ်ကာ ဆိုးရှားက ဂရေးလစ်ချ်နဲ့ ဂျိမ်းစ် မက်ဒီဆန်ကိုသာ ဦးစားပေး ပစ်မှတ်ထားလိုက်ပြီလို့ သိရပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း အင်တာမီလန် ကစားသမား လူကာကူက ၎င်းနဲ့ တွဲဖက် ကစားဖူးတဲ့ထဲက အကောင်းဆုံး ကွင်းလယ်ကစားသမား ကို ရွေးချယ်ရာမှာ ယူနိုက်တက် အသင်းဖော်ဟောင်း ပေါ့ဘာကို မရွေးခဲ့ဘဲ ဘယ်လ်ဂျီယံ အသင်းဖော် မန်စီးတီး ကွင်းလယ် ဒီဘရိုင်း လို့ ရွေးချယ်ခဲ့ပါတယ်။
ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူလိုနေတာ သိသာပေမယ့် ချဉ်းကပ်မှုတွေ ထင်သလောက် မမြန်ဆန်ခြင်းက အင်္ဂလန်သား တိုက်စစ်သမားဟာ လာမယ့် ရာသီမှာလည်း ချန်ပီယံလိဂ် ကစားလိုနေတာကြောင့် ဖြစ်ပြီး ဥရောပဝင်ခွင့် အာမခံချက် အသင်းတွေကိုသာ ဦးစားပေးလိုတာအတွက် ဖြစ်တယ်လို့ သိရပါတယ်။
မွန်ချင်ဂလာလတ်အသင်းမှ ကွင်းလယ်ကစားသမား ဒန်းနစ် ဇာကာရီရာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်က အလားအလာ အကောင်းဆုံး ဖြစ်နေတယ်လို့ ဂျာမန်ဘက်က သတင်းတွေမှာ ဖော်ပြနေပါတယ်။
ယူနိုက်တက် လူငယ်ကစားသမား ဖိုဆုမန်ဆာက ဘိုင်လီဟာ လူကောင်း တစ်ဦး ဖြစ်ပြီး သူ့အပေါ် ညီအစ်ကိုလို ဆက်ဆံကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘိုင်လီဟာ ခက်ခဲတဲ့ အချိန်တွေ ရှိပေမယ့် ယူနိုက်တက် အတွက် တောက်ပလာနိုင်တာ အတွက် ဝမ်းမြောက်ကြောင်း ၎င်းက ဆိုပါတယ်။
Zawgyi – ယူနိုက်တက် နည်းပြ ဆိုးရှား အနေနဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာ ပြန် ပါဝင်လာနိုင်ရင် လက်ရှိ နိုင်ပွဲ ပြန်ရနေတဲ့ အသင်း လူစာရင်းကို ဖျက်ကာ ပြင်သစ်သားကို ထည့်သွင်းဖို့ ဘယ်လို ကိုင်တွယ်မလဲဆိုတာ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက မေးခွန်းထုတ်နေပြီ ဖြစ်ပါတယ်။
နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ဖ်ကို ယူနိုက်တက် က ခေါ်ယူဖို့ စိတ်ဝင်စားမှု ရပ်တန့်လိုက်ပြီ ဖြစ်ကာ ဆိုးရှားက ဂရေးလစ်ခ်ျနဲ့ ဂျိမ်းစ် မက်ဒီဆန်ကိုသာ ဦးစားပေး ပစ်မှတ်ထားလိုက်ပြီလို့ သိရပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း အင်တာမီလန် ကစားသမား လူကာကူက ၄င်းနဲ့ တွဲဖက် ကစားဖူးတဲ့ထဲက အကောင်းဆုံး ကွင်းလယ်ကစားသမား ကို ရွေးချယ်ရာမှာ ယူနိုက်တက် အသင်းဖော်ဟောင်း ပေါ့ဘာကို မရွေးခဲ့ဘဲ ဘယ်လ်ဂျီယံ အသင်းဖော် မန်စီးတီး ကွင်းလယ် ဒီဘရိုင်း လို့ ရွေးချယ်ခဲ့ပါတယ်။