ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကိစ္စကို အကောင်းမြင်စရာ တုန့်ပြန်မှုမျိုး ပြုလုပ်သွားပြန်တဲ့ ဟာလန်
ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟာလန်က အနာဂတ်မှာ သူဟာ အခြားသော လိဂ်တွေကိုလည်း ပြောင်းရွှေ့လိုကြောင်း ပြောဆိုခဲ့ပြီး ကောလဟာလ သတင်းတွေကို ထပ်မံ အသက်သွင်းခဲ့ပြန်ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဇာလက်တန်ကို သဘောကျပါကြောင်း ပြောဆိုမှုမှာ အဆိုပါ စကားကို ထည့်သွင်းပြောခဲ့တာပါ။ ဟာလန်ဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းကြီးတွေ ထွက်ထားသလို ဒေါ့မွန်မှာ သင်ယူမှုကြီးတွေ ပြုလုပ်ပြီး တစ်ချိန်မှာ ယူနိုက်တက်ကို ပြောင်းလာနိုင်တယ်လို့လည်း ယူဆခံရသူဖြစ်တယ်။
မန်နေဂျာဆိုးရှားက ဟာလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ခဲ့ခြင်း မရှိပဲ စပို့တင်းမှ ဖာနန်ဒက်စ်ကိုပဲ ဦးစားပေးအဖြစ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဟာလန်က “ ဇာလက်တန်ရဲ့ ခံယူချက်နဲ့ ပက်သက်ပြီး ကျနော် သဘောကျပါတယ်။ သူ့ရဲ့ ကိုယ်ဘာသာ ယုံကြည်မှု ပြင်းထန်ခြင်းကိုလည်း နှစ်သက်မိတယ်။ အောင်မြင်လိုတဲ့ ကစားသမားတစ်ယောက်အတွက် ဒီလို စိတ်ဓါတ် ခံယူချက်တွေက အရေးကြီးပါတယ်။ ကျနေ်ာမှာလည်း သူလိုမျိုး စိတ်ဓါတ်ပိုင်း ရှိထားတယ်လို့ ခံစားမိပါတယ်။
ကျနော်က ဇာလက်တန်ထံက သင်ယူမိခဲ့တာ ဖြစ်နိုင်ပြီး ကျနော် လေးစားအားကျရသူတွေထဲမှာ သူလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဇာလက်တန် လက်သစ်တော့ မဖြစ်လိုပါဘူး။ ကျနေ်ာတို့က အထောင်တိုက်စစ်မှူးနေရာတွေမှာ ကစားပြီး အရပ်အမောင်း ကောင်းတာခြင်းလည်း တူညီပေမယ့် ကျနော်က ကျနော်ပါပဲ။ အနာဂတ်မှာတော့ ဇာလက်တန်လို နယ်ပယ်စုံမှာ အောင်မြင်မှုတွေ ရလိုပြီး သူ့လို အသင်းအများအပြား ပြောင်းဖြစ်ကောင်း ပြောင်းဖြစ်ပါလိမ့်မယ်။
ကျနော်က ယူနိုက်တက်မန်နေဂျာဆိုးရှားကိုလည်း တိုက်စစ်မှူးအဖြစ် သဘောကျခဲ့ပါတယ်။ ငယ်ငယ်တုန်းက မိုဒီမှာ သူက ကျနော်ကို အများကြီး အကူအညီပေးခြ့ပါတယ်။ ကျနော် သူ့ထံကနေလည်း အများကြီး သင်ယူခဲ့ရပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ေဒါ့မြန္အသင္းမွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္မွဴး ဟာလန္က အနာဂတ္မွာ သူဟာ အျခားေသာ လိဂ္ေတြကိုလည္း ေျပာင္းေရႊ႔လိုေၾကာင္း ေျပာဆိုခဲ့ျပီး ေကာလဟာလ သတင္းေတြကို ထပ္မံ အသက္သြင္းခဲ့ျပန္ပါတယ္။
ယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ဇာလက္တန္ကို သေဘာက်ပါေၾကာင္း ေျပာဆိုမႈမွာ အဆိုပါ စကားကို ထည့္သြင္းေျပာခဲ့တာပါ။ ဟာလန္ဟာ ယူႏုိက္တက္နဲ႔ အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းၾကီးေတြ ထြက္ထားသလို ေဒါ့မြန္မွာ သင္ယူမႈၾကီးေတြ ျပဳလုပ္ျပီး တစ္ခ်ိန္မွာ ယူႏုိက္တက္ကို ေျပာင္းလာႏုိင္တယ္လုိ႔လည္း ယူဆခံရသူျဖစ္တယ္။
မန္ေနဂ်ာဆုိးရွားက ဟာလန္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ဇန္နဝါရီမွာ ေခၚယူႏုိင္ခဲ့ျခင္း မရွိပဲ စပို႔တင္းမွ ဖာနန္ဒက္စ္ကိုပဲ ဦးစားေပးအျဖစ္ ေခၚယူခဲ့တာျဖစ္ပါတယ္။
ဟာလန္က “ ဇာလက္တန္ရဲ႕ ခံယူခ်က္နဲ႔ ပက္သက္ျပီး က်ေနာ္ သေဘာက်ပါတယ္။ သူ႔ရဲ႕ ကိုယ္ဘာသာ ယံုၾကည္မႈ ျပင္းထန္ျခင္းကိုလည္း ႏွစ္သက္မိတယ္။ ေအာင္ျမင္လိုတဲ့ ကစားသမားတစ္ေယာက္အတြက္ ဒီလို စိတ္ဓါတ္ ခံယူခ်က္ေတြက အေရးၾကီးပါတယ္။ က်ေန္ာမွာလည္း သူလိုမ်ိဳး စိတ္ဓါတ္ပိုင္း ရွိထားတယ္လို႔ ခံစားမိပါတယ္။
က်ေနာ္က ဇာလက္တန္ထံက သင္ယူမိခဲ့တာ ျဖစ္ႏုိင္ျပီး က်ေနာ္ ေလးစားအားက်ရသူေတြထဲမွာ သူလည္း ပါဝင္ပါတယ္။ ဒါေပမယ့္ ဇာလက္တန္ လက္သစ္ေတာ့ မျဖစ္လိုပါဘူး။ က်ေန္ာတုိ႔က အေထာင္တိုက္စစ္မွဴးေနရာေတြမွာ ကစားျပီး အရပ္အေမာင္း ေကာင္းတာျခင္းလည္း တူညီေပမယ့္ က်ေနာ္က က်ေနာ္ပါပဲ။ အနာဂတ္မွာေတာ့ ဇာလက္တန္လို နယ္ပယ္စံုမွာ ေအာင္ျမင္မႈေတြ ရလိုျပီး သူ႔လို အသင္းအမ်ားအျပား ေျပာင္းျဖစ္ေကာင္း ေျပာင္းျဖစ္ပါလိမ့္မယ္။
က်ေနာ္က ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားကိုလည္း တိုက္စစ္မွဴးအျဖစ္ သေဘာက်ခဲ့ပါတယ္။ ငယ္ငယ္တုန္းက မိုဒီမွာ သူက က်ေနာ္ကို အမ်ားၾကီး အကူအညီေပးချ့ပါတယ္။ က်ေနာ္ သူ႔ထံကေနလည္း အမ်ားၾကီး သင္ယူခဲ့ရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။