ရှေ့အပတ်ထဲ မိုးဦးလေဦး မိုးများစွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသ သတိပေးချက်

လာမည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ စုစုစံက ပြောပါတယ်။

စုစုစံက “ မေလ၂၀ ရက်နေ့ ၂၁ ရက်နေ့တွေမှာ တနင်္သာရီတိုင်း၊ မေလ ၂၁ရက်နေ့ ၂၂ရက်နေ့ ၂၃ရက်နေ့တွေမှာမွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်းတွေမှာ မိုးဦးလေဦး မိုးများစွာ ရွာသွန်းနိုင်ပါတယ်” လို့ ဒီကနေ့ မေလ ၁၅ ရက်နေ့က ပြောပါတယ်။

ပြည်တွင်းမှာ ဆားလုပ်ငန်း အုတ်လုပ်ငန်းနှင့် ကောက်ပဲသီးနှံရိတ်သိမ်းအခြောက် လှမ်းနေကြသူများ ပင်လယ်ပြင်ရေလုပ်ငန်း လုပ်ဆောင်နေကြသူများနှင့်

ရာသီဥတုကို တည်မှီလုပ်ကိုင် ဆောင်ရွက်နေကြသူများအား အလုပ်အတွက် ပျက်စီးမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြဖို့လည်း ယင်းက တိုက်တွန်းထားပါတယ်။