ဝက်စ်ဟမ်းနဲ့ ပွဲကလည်း ထပ်ပြီး ခက်ခဲဦးမှာ ဆိုတဲ့ ပက် ဂွာဒီယိုလာရဲ့ စိုးရိမ်မှုနဲ့ ပြောစကား

မန်စီးတီးအသင်းဟာ စပါးအသင်းကို အနိုင်ရလိုက်ချိန်မှာ ပရီးမီးယားလိဂ်ဖလားကို (၄)ရာသီဆက် ရယူနိုင်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ရာသီနောက်ဆုံးပွဲမှာ ဝက်စ်ဟမ်းကို ခက်ခက်ခဲခဲ ရင်ဆိုင်သွားရဦးမယ်လို့ စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးဟာ လန်ဒန်ကလပ် စပါးအသင်းကို အာလင်း ဟာလန်းရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီးချိန်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် အာဆင်နယ်အသင်းကို (၂)မှတ်အထိ ဖြတ်တောက်သွားနိုင်ခဲ့ပြီး ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ဖို့ပါ သေချာသွားခဲ့ရပါတယ်။

မန်စီးတီးက ရာသီနောက်ဆုံးပွဲမှာ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အာဆင်နယ်ကတော့ အိမ်ကွင်းမှာ အဲဗာတန်နဲ့ အိမ်ကွင်းမှာပဲ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ အာဆင်နယ်ထက် (၂)မှတ်သာနေတယ် ဆိုပေမယ့်လည်း ဝက်စ်ဟမ်းကိုတော့ သရေကျလို့တောင် မဖြစ်ပဲ အနိုင်ကစားမှသာ ပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်မျိုးတွေမှာ လုံးဝ အမှားမခံစတမ်း ကစားကြတယ် ဆိုပေမယ့်လည်း ဝက်စ်ဟမ်းကိုတော့ သူတို့အသင်းအနေနဲ့ ခက်ခဲစွာ ရင်ဆိုင်ရလိမ့်မယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဆိုလာပါတယ်။

“စပါးနဲ့ပွဲ အနိုင်ယူနိုင်ခဲ့လို့ စိတ်အေးသွားရပေမယ့်လည်း ကျွန်တော် အန်တိုနီယို ဘိုဝင်နဲ့ ဝက်ပရောက်စ်တို့အကြောင်းကို တွေးနေမိတယ်။

သူတို့ပရိသတ်တွေကလည်း ရာသီပိတ် အိမ်ကွင်းပွဲစဉ် ဖြစ်တာကြောင့် အပြည့်အဝ လာရောက်အားပေးကြလိမ့်မယ်။ ဒါကလည်း ကျွန်တော်တို့အတွက် ခက်ခဲနိုင်ပါတယ်။”

“တင်းမာတဲ့ ပြိုင်ဆိုင်မှုတွေ ခက်ခဲမှုတွေ ရှိနိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာအတွက် ကစားနေလဲဆိုတာကိုလည်း သိထားကြပါတယ်။

ကျွန်တော်တို့အခု တစ်ရက်နားမယ်။ (၂)ရက်အတွင်း ပြင်ဆင်မှု လုပ်ပြီးတာနဲ့ အဲ့ဒီပွဲအတွက် အစွမ်းကုန် အားထည့် ယှဉ်ပြိုင်သွားမယ်။” လို့ ဂွာဒီယိုလာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။