ကမ္ဘာကျော် သူဌေးကြီး ဘီလ်ဂိတ် သူပိုင် လယ်ယာများကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီး ဘီလ်ဂိတ်သည် လွန်ခဲ့သော ၆ နှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာပြည်နယ်တွင် လယ်ယာမြေ ကန်ဒေါ်လာ ၁၁၃ သန်းကျော်ဖိုး ဝယ်ယူထားခဲ့သည်။
လက်ရှိတွင် ဘီလ်ဂိတ်သည် နီဘရာစကာပြည်နယ်တွင် လယ်မြေ ဧက ၂၀,၀၀၀ ခန့် ပိုင်ဆိုင်ထားသည်။ ဘီလ်ဂိတ်က အဆိုပါ လယ်ယာမြေများကို အမည်ခံကုမ္ပဏီ ၂၀ ကျော်မှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဘီလ်ဂိတ်က အဆိုပါ လယ်များကို အပေါင်ထားကာ ချေးငွေ ၂ ကြိမ်ထုတ်ယူခဲ့ရာ စုစုပေါင်း ကန်ဒေါ်လာ သန်း ၇၀၀ ချေးယူခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူတစ်ဦးက အဘယ်ကြောင့် အပေါင်ထားကာ ငွေချေးခဲ့ရသနည်း။
အလွန်ချမ်းသာကြွယ်ဝသူများစွာသည် ငွေလိုပါက ပိုင်ဆိုင်သော Asset များကို ရောင်းချခြင်းမပြုဘဲ အပေါင်ထားကာ ငွေချေးလေ့ရှိသည်။
နီဘရာစကာတက္ကသိုလ်မှ ဥပဒေပါမောက္ခ Adam Thimmesch က ရှင်းပြသည်မှာ အကယ်၍ ဘီလ်ဂိတ် အနေဖြင့် ငွေရရန် သူ၏ Asset များကို ရောင်းချခဲ့မည်ဆိုပါက ဝင်ငွေခွန် များပြားစွာ ပေးဆောင်ရမည် ဖြစ်တာကြောင့် ယခုလို အပေါင်ထားပြီး ချေးငွေတွေ ထုတ်ယူခြင်းဖြစ်ကြောင်း ရှင်းပြသည်။
ဘီလ်ဂိတ်သည် အမေရိကန်ပြည်ထောင်စုတဝန်း လယ်ယာမြေ ဧကပေါင်း ၂၇၀,၀၀၀ နီးပါး ပိုင်ဆိုင်ထားကာ တိုင်ပြည်တွင်း လယ်မြေ အများဆုံး ပိုင်ဆိုင်သူလည်းဖြစ်သည်။
