ရွန်းနီရဲ့ အနိုင်ယူလိုမှု၊ ပြန်လာတော့မယ့် ရပ်ဖိုဒ့်၊ ဒေါ့မွန်မသွားခြင်း၊ ဆန်ချိုနဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

ယူနိုက်တက်မှာတုန်းက မော်ရင်ညိုဟာ ကွင်းပြင်ပ ဝေဖန်မှုတွေက သူ့ကြောင့် ရတာပါဆိုပြီး အပြစ်တင်မှုတွေ ရှိခဲ့တယ်လို့ ကွင်းလယ်လူဟောင်း မီခီတာရန်က ထုတ်ပြောပါတယ်။

ရပ်ဖိုဒ့်ဟာ သူ့ရဲ့ ဆံပင်ကေ အသစ်ညှပ်လိုက်တာကို အင်စတာဂရမ်မှာ ဖော်ပြခဲ့တာကြောင့် ဒါဟာ ကွင်းထဲ ခြေပြန်ချနိုင်တော့မှာမို့ ပြင်ဆင်နေခြင်းလို့ ပရိသတ်တွေကြားမှာ မှတ်ချက်ပေးနေကြပါတယ်။

အင်္ဂလန်မန်နေဂျာဆောက်ဂိတ်က ” ဟယ်ရီကိန်းနဲ့ မားကပ်ရပ်ဖိုဒ့်တို့ဟာ ပြင်းထန်တဲ့ ကာလရှည် ဒဏ်ရာတွေ ရထားကြတာဖြစ်ပြီး နှစ်ဦးလုံးက ဒဏ်ရာကနေ ပြန်သက်သာလာဖို့ အစွမ်းကုန် ကြိုးစားနေကြာက နွေ ယူရိုပွဲတွေအတွက် အဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ် ” လို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကြီး ဝိန်းက ” ကျနော် ယူနိုက်တက်ကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ဒါဘီအသင်းနဲ့ အနိုင်ရဖို့ အခွင့်အရေး ရှိနေပါတယ် ” လို့ ထုတ်ပြောလိုက်ပါတယ်။

ယူနိုက်တက်မန်နေဂျာဆိုးရှားရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တစ်ပွဲချင်း အာရုံစိုက်နေတယ်ဆိုတဲ့ စကားက မှန်ကန်တဲ့ စကားဖြစ်ပြီး ပရိသတ်တွေဘက်က ဝင်ကို ဝင်ရမယ်လို့ ကတိပေးတာကို လိုချင်ပေမယ့် ဆိုးရှားက မှန်ကန်တဲ့ စကားကို ပြောဆိုခဲ့တာပါလို့ အသင်းဂိုးသမားဟောင်း ရှမိုင်ကယ်က ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက်လူငယ်ကစားသမားလေး တွမ်ဇီဘီက အနာဂတ်မှာ ကလပ်အသင်း အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ဟာ သူ့ရဲ့ ရည်မှန်းချက်ပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဖေဖော်ဝါရီလအတွက် Who Score ရဲ့ တစ်လတာ အကောင်းဆုံးအသင်းထဲမှာ ဘစ်ဆာကာ၊ မက်ဂွဲရား၊ ရှောနဲ့ ဖာနန်ဒက်စ်တို့ ပါင်သွားပါတယ်။

ယူနိုက်တက်စိတ်ဝင်စားနေတဲ့ ဘာမင်ဂမ်တိုက်စစ်သမားလေး ဘယ်လင်ဟဟမ်ကို ဒေါ့မွန်ဘက်က အကြိုသဘောတူညီမှု ရသွားပါပြီ။ သူတို့က ဆန်ချိုကိုလည်း ယူရို သန်း ၁၄၀ ရမှ ရောင်းထုတ်ဖို့ ဈေးသက်မှတ်ထားပါတယ်။

ZAWGYI

ယူႏုိက္တက္မွာတုန္းက ေမာ္ရင္ညိဳဟာ ကြင္းျပင္ပ ေဝဖန္မႈေတြက သူ႔ေၾကာင့္ ရတာပါဆိုျပီး အျပစ္တင္မႈေတြ ရွိခဲ့တယ္လို႔ ကြင္းလယ္လူေဟာင္း မီခီတာရန္က ထုတ္ေျပာပါတယ္။

ရပ္ဖိုဒ့္ဟာ သူ႔ရဲ႕ ဆံပင္ေက အသစ္ညွပ္လိုက္တာကို အင္စတာဂရမ္မွာ ေဖာ္ျပခဲ့တာေၾကာင့္ ဒါဟာ ကြင္းထဲ ေျချပန္ခ်ႏုိင္ေတာ့မွာမို႔ ျပင္ဆင္ေနျခင္းလို႔ ပရိသတ္ေတြၾကားမွာ မွတ္ခ်က္ေပးေနၾကပါတယ္။

အဂၤလန္မန္ေနဂ်ာေဆာက္ဂိတ္က ” ဟယ္ရီကိန္းနဲ႔ မားကပ္ရပ္ဖိုဒ့္တို႔ဟာ ျပင္းထန္တဲ့ ကာလရွည္ ဒဏ္ရာေတြ ရထားၾကတာျဖစ္ျပီး ႏွစ္ဦးလံုးက ဒဏ္ရာကေန ျပန္သက္သာလာဖို႔ အစြမ္းကုန္ ၾကိဳးစားေနၾကာက ေႏြ ယူရိုပြဲေတြအတြက္ အဆင္သင့္ျဖစ္ေနမယ္လို႔ ယံုုၾကည္ပါတယ္ ” လို႔ ဆိုလိုက္ပါတယ္။

ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္းၾကီး ဝိန္းက ” က်ေနာ္ ယူႏုိက္တက္ကို ခ်စ္ျမတ္ႏိုးပါတယ္။ ဒါေပမယ့္ ဒီပြဲမွာေတာ့ ဒါဘီအသင္းနဲ႔ အႏုိင္ရဖို႔ အခြင့္အေရး ရွိေနပါတယ္ ” လို႔ ထုတ္ေျပာလိုက္ပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ တစ္ပြဲခ်င္း အာရံုစိုက္ေနတယ္ဆိုတဲ့ စကားက မွန္ကန္တဲ့ စကားျဖစ္ျပီး ပရိသတ္ေတြဘက္က ဝင္ကို ဝင္ရမယ္လို႔ ကတိေပးတာကို လိုခ်င္ေပမယ့္ ဆိုးရွားက မွန္ကန္တဲ့ စကားကို ေျပာဆိုခဲ့တာပါလို႔ အသင္းဂိုးသမားေဟာင္း ရွမိုင္ကယ္က ခ်ီးက်ဴးလိုက္ပါတယ္။

ယူႏုိက္တက္လူငယ္ကစားသမားေလး တြမ္ဇီဘီက အနာဂတ္မွာ ကလပ္အသင္း အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ခြင့္ဟာ သူ႔ရဲ႕ ရည္မွန္းခ်က္ပါလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ေဖေဖာ္ဝါရီလအတြက္ Who Score ရဲ႕ တစ္လတာ အေကာင္းဆံုးအသင္းထဲမွာ ဘစ္ဆာကာ၊ မက္ဂြဲရား၊ ေရွာနဲ႔ ဖာနန္ဒက္စ္တို႔ ပါင္သြားပါတယ္။

ယူႏုိက္တက္စိတ္ဝင္စားေနတဲ့ ဘာမင္ဂမ္တိုက္စစ္သမားေလး ဘယ္လင္ဟဟမ္ကို ေဒါ့မြန္ဘက္က အၾကိဳသေဘာတူညီမႈ ရသြားပါျပီ။ သူတို႔က ဆန္ခ်ိဳကိုလည္း ယူရို သန္း ၁၄၀ ရမွ ေရာင္းထုတ္ဖို႔ ေစ်းသက္မွတ္ထားပါတယ္။