ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေပွဲမှာ ဒါဘီအတွက် အရေးပါဆုံးဖြစ်လာမယ့် ဝိန်းရွန်းနီ

ဒါဘီမန်နေဂျာ Phillip Cocu က လာမယ့် အက်ဖ်အေပွဲအဖြစ် ယူနိုက်တက်ကို ရင်ဆိုင် ကစားရမယ့်ပွဲမှာ ဝိန်းရွှန်းနီရဲ့ အတွေ့အကြုံနဲ့ အသိဉာဏ် ကြွယ်ဝမှုတွေက အရေးပါလာပါမယ်လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

ဇန်နဝါရီမှာ ဒါဘီကို ကစားသမား နည်းပြ အဖွဲ့ဝင်အဖြစ် ရောက်ရှိခဲ့တဲ့ ဝိန်းဟာ အသင်းဖော်သစ်တွေနဲ့အတူ အသားကျမှု မြန်ဆန်ခဲ့တာပါ။ ယူနိုက်တက်ဂန္တဝင်ကြီးဟာ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရမှာဖြစ်ပြီး သရဲနီတွေကို စိတ်ပျက်အောင် လုပ်ဖို့ အခွင့်အရေး ရှိနေတာကို Cocu က နားလည်ထားပါတယ်။

ဒါဘီအသင်း မန်နေဂျာက ” ဝိန်းက အရေးကြီးတာပေါ့ဗျာ။ ဒီပွဲမှာဆိုရင် ပိုလိုတောင် အရေးပါပါတယ်။ ယူနိုက်တက်အကြောင်းကို သူ့လောက် သိတဲ့သူတောင် မရှိတော့ပါဘူး။ အသင်းသားတွေ၊ စွမ်းဆောင်ရည်တွေနဲ့ ဒီလို ပွဲကောင်းမှာ ဘာတွေ လိုအပ်တယ်ဆိုတာကို သူသိပါတယ်။ ဒီတော့ အက်ဖ်အေပွဲအတွက် ဝိန်းက ကျနေ်ာတို့အတွက် မယုံနိုင်လောက်အောင် အရေးပါပါတယ် ” လို့ ဆိုလိုက်တာဖြစ်တယ်။

သူကပဲ ” ပွဲတွေမတိုင်ခင် ကျနေ်ာတို့ ဝိန်းနဲ့ စကားပြောမှုတွေ လုပ်ပါတယ်။ သူက ပွဲတွေအတွက် ကျနေ်ာတို့ရဲ့ နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေမှာ ပါဝင်ပြီး ပြိုင်ဘက်တွေကို ခွဲခြမ်း စိတ်ဖြာလေ့ရှိတယ်။ ကျနေ်ာတို့ သင်ယူဖို့လိုတဲ့ ဗီဒီယိုတွေကို အတူရွေးချယ်ပါတယ်။

ယူနိုက်တက်နဲ့ ပွဲတင်မကပဲ ရွန်းနီထံက အကြံဉာဏ်တွေကို ပွဲတိုင်းမှာ ကျနော် လက်ခံယူလေ့ရှိတယ်။ သူ့ထံက နည်းလမ်းတွေကိုကောပါပဲ။ သူက အရေးကြီးတဲ့ ကစားသမားပါ၊ ကိုယ်တိုင်လည်း ပါဝင်ကစားလိုသလို အသင်းရဲ့ နည်းစနစ်နဲ့ ချဉ်းကပ်မှု ပုံစံတွေမှာလည်း ပါဝင်လိုသူဖြစ်တယ်။ ဒီတော့ ယူနိုက်တက်နဲ့ပွဲမှာ သူ့ရဲ့ အကြံဉာဏ်တွေကို အသုံးပြုသွားမှာပါ။ ဒါကို ပြောင်းလဲမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒါဘီမန္ေနဂ်ာ Phillip Cocu က လာမယ့္ အက္ဖ္ေအပြဲအျဖစ္ ယူႏုိက္တက္ကို ရင္ဆုိင္ ကစားရမယ့္ပြဲမွာ ဝိန္းရႊန္းနီရဲ႔ အေတြ႔အၾကံဳနဲ႔ အသိဥာဏ္ ၾကြယ္ဝမႈေတြက အေရးပါလာပါမယ္လို႔ ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

ဇန္နဝါရီမွာ ဒါဘီကို ကစားသမား နည္းျပ အဖြဲ႔ဝင္အျဖစ္ ေရာက္ရွိခဲ့တဲ့ ဝိန္းဟာ အသင္းေဖာ္သစ္ေတြနဲ႔အတူ အသားက်မႈ ျမန္ဆန္ခဲ့တာပါ။ ယူႏုိက္တက္ဂႏၱဝင္ၾကီးဟာ အသင္းေဟာင္းကို ျပန္လည္ ရင္ဆိုင္ရမွာျဖစ္ျပီး သရဲနီေတြကို စိတ္ပ်က္ေအာင္ လုပ္ဖို႔ အခြင့္အေရး ရွိေနတာကို Cocu က နားလည္ထားပါတယ္။

ဒါဘီအသင္း မန္ေနဂ်ာက ” ဝိန္းက အေရးၾကီးတာေပါ့ဗ်ာ။ ဒီပြဲမွာဆိုရင္ ပိုလိုေတာင္ အေရးပါပါတယ္။ ယူႏုိက္တက္အေၾကာင္းကို သူ႔ေလာက္ သိတဲ့သူေတာင္ မရွိေတာ့ပါဘူး။ အသင္းသားေတြ၊ စြမ္းေဆာင္ရည္ေတြနဲ႔ ဒီလို ပြဲေကာင္းမွာ ဘာေတြ လိုအပ္တယ္ဆိုတာကို သူသိပါတယ္။ ဒီေတာ့ အက္ဖ္ေအပြဲအတြက္ ဝိန္းက က်ေန္ာတို႔အတြက္ မယံုနုိင္ေလာက္ေအာင္ အေရးပါပါတယ္ ” လို႔ ဆိုလိုက္တာျဖစ္တယ္။

သူကပဲ ” ပြဲေတြမတိုင္ခင္ က်ေန္ာတုိ႔ ဝိန္းနဲ႔ စကားေျပာမႈေတြ လုပ္ပါတယ္။ သူက ပြဲေတြအတြက္ က်ေန္ာတို႔ရဲ႕ နည္းစနစ္ပိုင္း ျပင္ဆင္မႈေတြမွာ ပါဝင္ျပီး ျပိဳင္ဘက္ေတြကို ခြဲျခမ္း စိတ္ျဖာေလ့ရွိတယ္။ က်ေန္ာတုိ႔ သင္ယူဖို႔လိုတဲ့ ဗီဒီယိုေတြကို အတူေရြးခ်ယ္ပါတယ္။

ယူႏုိက္တက္နဲ႔ ပြဲတင္မကပဲ ရြန္းနီထံက အၾကံဥာဏ္ေတြကို ပြဲတိုင္းမွာ က်ေနာ္ လက္ခံယူေလ့ရွိတယ္။ သူ႔ထံက နည္းလမ္းေတြကိုေကာပါပဲ။ သူက အေရးၾကီးတဲ့ ကစားသမားပါ၊ ကိုယ္တိုင္လည္း ပါဝင္ကစားလိုသလို အသင္းရဲ႕ နည္းစနစ္နဲ႔ ခ်ဥ္းကပ္မႈ ပံုစံေတြမွာလည္း ပါဝင္လိုသူျဖစ္တယ္။ ဒီေတာ့ ယူႏုိက္တက္နဲ႔ပြဲမွာ သူ႔ရဲ႕ အၾကံဥာဏ္ေတြကို အသံုးျပဳသြားမွာပါ။ ဒါကို ေျပာင္းလဲမွာ မဟုတ္ပါဘူး ” လို႔ ဆိုခ့ဲတာ ျဖစ္ပါတယ္။