ယူနိုက်တက်ပစ်မှတ်ကို ယူရို ၃၅ သန်းနဲ့ ရသွားပြီး ဆန်ချိုအတွက် ယူရို သန်း ၁၄၀ ဈေးတင်တဲ့ ဒေါ့မွန်

ဂျာမနီကလပ် ဒေါ့မွန်အသင်းဟာ ယူနိုက်တက်က ခေါ်ယူဖို့ အလေးအနက်ထား စောင့်ကြည့်နေတဲ့ ဘာမင်ဂမ်အသင်းမှ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ အသက် ၁၆ နှစ်အရွယ် လူငယ်လေးဟာ အင်္ဂလန်ရဲ့ အနာဂတ် ကွင်းလယ်လူအဖြစ် နာမည်ကြီးနေပြီး စတီဗင်ဂျရတ်နဲ့ ကစားပေါက် ဆင်တူခြင်းကြောင့် လီဗာပူးဘက်ကလည်း စောင့်ကြည့်နေသူပါ။ ဒါပေမယ့်လည်း စတားတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ဒေါ့မွန်ဘက်က ကြိုတင် သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်။

ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးက ယူရို ၃၅ သန်းထိ ရောက်နိုင်တယ်လို့ သိရပြီး ဒါဟာ ပြည်တွင်း ကစားသမားတစ်ဦးကို ပြင်ပနိုင်ငံမှ ကလပ်တစ်သင်းက အသာစီးရယူ သွားနိုင်ခြင်းလည်း ဖြစ်ခဲ့တယ်။ ဘယ်လင်ဟမ် ဟာ အသက် ၁၇ နှစ်အောက် အင်္ဂလန်လူငယ်တွေထဲမှာ ပွဲကစားခွင့် အများဆုံးရထားသူဖြစ်ပြီး ကွင်းလယ်နဲ့ ကွင်းလယ်ဖန်တီးရှင် နေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။

တစ်ချိန်ထဲမှာပဲ ဂျာမနီသတင်းဌာန BILD ကတော့ ဒေါ့မွန်က ၎င်းတို့ရဲ့ လူငယ်လေး ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကိုလည်း ယူရို သန်း ၁၄၀ ထိ ဈေးတင်ခဲ့ပြီလို့ သိရတယ်။ ယူနိုက်တကက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ပြီး ပြောင်းရွှေ့ကြေး မြင့်မားနိုင်တယ်ဆိုတာ သိထားရပေမယ့် ဒီတစ်ကြိမ် ကြေးမြင့်မှုကတော့ ယခင်ဈေးထက်တောင် များပြားနေတာပါ။

ယူနိုက်တက်ဘက်က ဒေါ့မွန်တောင်ပံသမားကို ခေါ်ယူဖို့ အားထုတ်နေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးတဲ့ အနေအထားမှာ ဆန်ချိုဘက်က စောင့်ကြည့်လိုနေသေးခြင်းကလည်း အပြောင်းအရွှေ့ကို နှောင့်နှေးစေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ဆန်ချိုအတွက် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိပေးဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။

ZAWGYI

ဂ်ာမနီကလပ္ ေဒါ့မြန္အသင္းဟာ ယူႏုိက္တက္က ေခၚယူဖို႔ အေလးအနက္ထား ေစာင့္ၾကည့္ေနတဲ့ ဘာမင္ဂမ္အသင္းမွ ဘယ္လင္ဟမ္ကို ေခၚယူဖို႔ အၾကိဳ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။

အဆိုပါ အသက္ ၁၆ ႏွစ္အရြယ္ လူငယ္ေလးဟာ အဂၤလန္ရဲ႕ အနာဂတ္ ကြင္းလယ္လူအျဖစ္ နာမည္ၾကီးေနျပီး စတီဗင္ဂ်ရတ္နဲ႔ ကစားေပါက္ ဆင္တူျခင္းေၾကာင့္ လီဗာပူးဘက္ကလည္း ေစာင့္ၾကည့္ေနသူပါ။ ဒါေပမယ့္လည္း စတားတစ္ေယာက္ျဖစ္ေအာင္ ပ်ိဳးေထာင္ေပးမယ္ဆိုတဲ့ မက္လံုးနဲ႔ ေဒါ့မြန္ဘက္က ၾကိဳတင္ သေဘာတူညီမႈ ရခဲ့ျပီျဖစ္တယ္။

ကစားသမားေလးအတြက္ ေျပာင္းေရႊ႔ေၾကးက ယူရို ၃၅ သန္းထိ ေရာက္ႏုိင္တယ္လို႔ သိရျပီး ဒါဟာ ျပည္တြင္း ကစားသမားတစ္ဦးကို ျပင္ပႏုိင္ငံမွ ကလပ္တစ္သင္းက အသာစီးရယူ သြားႏုိင္ျခင္းလည္း ျဖစ္ခဲ့တယ္။ ဘယ္လင္ဟမ္ ဟာ အသက္ ၁၇ ႏွစ္ေအာက္ အဂၤလန္လူငယ္ေတြထဲမွာ ပြဲကစားခြင့္ အမ်ားဆံုးရထားသူျဖစ္ျပီး ကြင္းလယ္နဲ႔ ကြင္းလယ္ဖန္တီးရွင္ ေနရာေတြမွာ ကစားႏုိင္သူျဖစ္ပါတယ္။

တစ္ခ်ိန္ထဲမွာပဲ ဂ်ာမနီသတင္းဌာန BILD ကေတာ့ ေဒါ့မြန္က ၄င္းတို႔ရဲ႕ လူငယ္ေလး ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႔ေၾကးကိုလည္း ယူရို သန္း ၁၄၀ ထိ ေစ်းတင္ခဲ့ျပီလို႔ သိရတယ္။ ယူႏုိက္တကက္ဟာ ဆန္ခ်ိဳကို ေခၚယူႏုိင္ဖို႔ ေရပန္းအစားဆံုးျဖစ္ျပီး ေျပာင္းေရႊ႔ေၾကး ျမင့္မားႏုိင္တယ္ဆိုတာ သိထားရေပမယ့္ ဒီတစ္ၾကိမ္ ေၾကးျမင့္မႈကေတာ့ ယခင္ေစ်းထက္ေတာင္ မ်ားျပားေနတာပါ။

ယူႏုိက္တက္ဘက္က ေဒါ့မြန္ေတာင္ပံသမားကို ေခၚယူဖို႔ အားထုတ္ေနေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ မေသခ်ာေသးတဲ့ အေနအထားမွာ ဆန္ခ်ိဳဘက္က ေစာင့္ၾကည့္လိုေနေသးျခင္းကလည္း အေျပာင္းအေရႊ႔ကို ေႏွာင့္ေႏွးေစပါတယ္။ ယူနုိက္တက္ဘက္ကေတာ့ ဆန္ခ်ိဳအတြက္ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းထိေပးဖို႔ ျပင္ဆင္ထားျပီျဖစ္ပါတယ္။