ယူနိုက်တက်က လိဂ်မှာဗိုလ်စွဲဖို့ နှစ် ၃၀ ကြာ အချိန် ပြန်ယူမယ့်အသင်း မဟုတ်ဘူး

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိအချိန်မှာ လီဗာပူး၊ မန်စီးတီး အသင်းတို့ကို လိုက်မှီဖို့ ဝေးကွာနေသည့်တိုင် အမှတ်ပေးဖလားကို ပြန် ဗိုလ်စွဲဖို့ နှစ် ၃၀ လောက် အချိန် ပြန်ယူမယ့် အသ်ငး မဟုတ်ကြောင်း ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

လက်ရှိ ဘောလုံး ရာသီက ယူနိုက်တက် အတွက် အကောင်း အဆိုး ရောနေတဲ့ ကာလလို့ ဆိုရမှာပါ။ ထိပ်တန်းကလပ်တွေနဲ့ ဆုံရာမှာ ယူနိုက်တက်က ရလဒ်ကောင်းတွေ ယူပြထားနိုင်ပြီး အင်အားနည်းတဲ့ အသင်းတွေကိုတော့ မထင်မှတ်ဘဲ အမှတ်လျော့ခံရတာတွေ ကြုံနေပါတယ်။

ဘောလုံးရာသီ ပြီးဆုံးဖို့ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားဖို့ ကျန်ချိန်မှာ ယူနိုကတက်က အဆင့် ၅ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ မှီမယ့် အဆင့် ၄ နဲ့ သုံးမှတ် အကွာမှာ ရှိပါတယ်။ လက်ရှိ အမှတ်ပေးဇယား ဦးဆောင်ထားသူ လီဗာပူးနဲ့ ယူနိုက်တက်က အမှတ် ၃၇ မှတ် ကွာနေပေမယ့် ယူနိုက်တက်ဟာ လိဂ်မှာ ပြန်ဗိုလ်စွဲဖို့ နှစ်အကြာကြီး အချိန်ယူရမှာ မဟုတ်ဘူးလို့ ကိုးလ်က ယုံကြည်နေပါတယ်။

” ဘောလုံး သံသရာက လည်ပတ်နေတာပါပဲ။ ဆာအဲလက်စ် ဖာဂူဆန်ကို ဆုံးရှုံးလိုက်ရတယ်။ သူ အနားယူသွားတော့ နောက်ထပ် မန်နေဂျာ ဝင်လာရတယ်။ ဘယ်သူက ဝင်နေရာယူသည် ဖြစ်ဖြစ် ဒီနေရာ ဒီရာထူးက တကယ်ကို ခက်ခဲမှာပါ။ မန်နေဂျာတွေ ခဏခဏ ပြောင်းနေတာကတော့ မှားယွင်းတယ်လို့ ကျနော် ထင်ပါတယ်။

တခြားအသင်းတွေကို ကြည့်မယ်ဆို လီဗာပူးအသင်း ဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးလိဂ်ကို ဗိုလ်စွဲဖို့ နှစ် ၃၀ လောက် အချိန် ယူနေခဲ့ရတယ်။ မန်ချက်စတာယူနိုက်တက်သာ ဆိုရင် လိဂ်မှာ ပြန်ဗိုလ်စွဲဖို့ ဒီလောက် ကြာမယ် ကျနော် မထင်ဘူး။ ဒါပေမယ့် လောလောဆယ်တော့ ကျနော်တို့က လီဗာပူးတို့ စီးတီးတို့ထက် နည်းနည်း ပြတ်ကျန်နေတာပေါ့။ ဒီကွာဟချက်ကို ဖယ်လိုက်နိုင်တာနဲ့ အရာရာက ပြောင်းလဲသွားမှာပဲ။

ဒါပေမယ့် ဒီအသင်းတွေနဲ့ ကွာဟချက် နည်းသွားရင်တောင် ပရီးမီးယားလိဂ်ကို ရဖို့ ကြိုးစားနေတဲ့ အခြားအသင်းတွေနဲ့လည်း ယှဉ်ရဦးမှာပါ။ သူတို့လည်း ပါဝင်လာမှာ ဖြစ်တယ်။ ” လို့ ကိုးလ်က ဆိုပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ၎င်းရဲ့ နည်းပြ ဘ၀ ပထမ တစ်နှစ်မှာ ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရပေမယ့် အသင်းရဲ့ အဓိက ဧရိယာတွေမှာ တိုးတက်မှု လက္ခဏာတွေ ရှိနေပါတယ်။ နော်ဝေသားဟာ ယူနိုက်တက်ကို နေ့ချင်းညချင်း မပြောင်းလဲပေးနိုင်သည့်တိုင် အချိန်ယူပြီး ရေရှည် အတွက် တည်ဆောက်နေတယ်လို့ ကိုးလ်က ယုံကြည်နေပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ လက္ရွိအခ်ိန္မွာ လီဗာပူး၊ မန္စီးတီး အသင္းတို႔ကို လိုက္မွီဖို႔ ေ၀းကြာေနသည့္တုိင္ အမွတ္ေပးဖလားကို ျပန္ ဗိုလ္စြဲဖို႔ နွစ္ ၃၀ ေလာက္ အခ်ိန္ ျပန္ယူမယ့္ အသ္ငး မဟုတ္ေၾကာင္း ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္က သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

လက္ရွိ ေဘာလံုး ရာသီက ယူနုိက္တက္ အတြက္ အေကာင္း အဆိုး ေရာေနတဲ့ ကာလလို႔ ဆိုရမွာပါ။ ထိပ္တန္းကလပ္ေတြနဲ႕ ဆံုရာမွာ ယူနိုက္တက္က ရလဒ္ေကာင္းေတြ ယူျပထားနုိင္ျပီး အင္အားနည္းတဲ့ အသင္းေတြကိုေတာ့ မထင္မွတ္ဘဲ အမွတ္ေလ်ာ့ခံရတာေတြ ၾကံဳေနပါတယ္။

ေဘာလံုးရာသီ ျပီးဆံုးဖို႔ ပရီးမီးယားလိဂ္ ၁၀ ပြဲ ကစားဖို႔ က်န္ခ်ိန္မွာ ယူနုိ္ကတက္က အဆင့္ ၅ ေနရာမွာ ရွိေနျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ မွီမယ့္ အဆင့္ ၄ နဲ႕ သံုးမွတ္ အကြာမွာ ရွိပါတယ္။ လက္ရွိ အမွတ္ေပးဇယား ဦးေဆာင္ထားသူ လီဗာပူးနဲ႕ ယူနိုက္တက္က အမွတ္ ၃၇ မွတ္ ကြာေနေပမယ့္ ယူနိုက္တက္ဟာ လိဂ္မွာ ျပန္ဗိုလ္စြဲဖို႔ နွစ္အၾကာၾကီး အခ်ိန္ယူရမွာ မဟုတ္ဘူးလို႔ ကုိးလ္က ယံုၾကည္ေနပါတယ္။

” ေဘာလံုး သံသရာက လည္ပတ္ေနတာပါပဲ။ ဆာအဲလက္စ္ ဖာဂူဆန္ကို ဆံုးရွံဳးလိုက္ရတယ္။ သူ အနားယူသြားေတာ့ ေနာက္ထပ္ မန္ေနဂ်ာ ၀င္လာရတယ္။ ဘယ္သူက ၀င္ေနရာယူသည္ ျဖစ္ျဖစ္ ဒီေနရာ ဒီရာထူးက တကယ္ကို ခက္ခဲမွာပါ။ မန္ေနဂ်ာေတြ ခဏခဏ ေျပာင္းေနတာကေတာ့ မွားယြင္းတယ္လို႔ က်ေနာ္ ထင္ပါတယ္။

တျခားအသင္းေတြကို ၾကည့္မယ္ဆို လီဗာပူးအသင္း ဆိုရင္ ပရီးမီးယားလိဂ္ အမွတ္ေပးလိဂ္ကို ဗိုလ္စြဲဖို႔ နွစ္ ၃၀ ေလာက္ အခ်ိန္ ယူေနခဲ့ရတယ္။ မန္ခ်က္စတာယူနိုက္တက္သာ ဆိုရင္ လိဂ္မွာ ျပန္ဗိုလ္စြဲဖို႔ ဒီေလာက္ ၾကာမယ္ က်ေနာ္ မထင္ဘူး။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔က လီဗာပူးတို႔ စီးတီးတို႔ထက္ နည္းနည္း ျပတ္က်န္ေနတာေပါ့။ ဒီကြာဟခ်က္ကို ဖယ္လိုက္နိုင္တာနဲ႕ အရာရာက ေျပာင္းလဲသြားမွာပဲ။

ဒါေပမယ့္ ဒီအသင္းေတြနဲ႕ ကြာဟခ်က္ နည္းသြားရင္ေတာင္ ပရီးမီးယားလိဂ္ကို ရဖို႔ ၾကိဳးစားေနတဲ့ အျခားအသင္းေတြနဲ႕လည္း ယွဥ္ရဦးမွာပါ။ သူတို႔လည္း ပါ၀င္လာမွာ ျဖစ္တယ္။ ” လို႔ ကိုးလ္က ဆိုပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ၄င္းရဲ႕ နည္းျပ ဘ၀ ပထမ တစ္နွစ္မွာ ေ၀ဖန္မႈမ်ားစြာ ရင္ဆိုင္ခဲ့ရေပမယ့္ အသင္းရဲ႕ အဓိက ဧရိယာေတြမွာ တိုးတက္မႈ လကၡဏာေတြ ရွိေနပါတယ္။ ေနာ္ေ၀သားဟာ ယူနိုက္တက္ကို ေန႔ခ်င္းညခ်င္း မေျပာင္းလဲေပးနုိင္သည့္တိုင္ အခ်ိန္ယူျပီး ေရရွည္ အတြက္ တည္ေဆာက္ေနတယ္လို႔ ကိုးလ္က ယံုၾကည္ေနပါတယ္။