စံချိန်တင် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက် ဆွတ်ခူးပြီးနောက် အပိုဆုကြေးငွေများစွာ ရကြမယ့် မန်စီးတီးကြယ်ပွင့်များ

မန်ချက်စတာ စီးတီး ကစားသမားတွေဟာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက် ဆွတ်ခူးကာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီးနောက် အပိုဆုကြေးငွေများစွာ ဆွတ်ခူးလာတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ရာသီသိမ်းပွဲတွင် ဝက်စ်ဟမ်းကို အနိုင်ရရှိပြီးနောက် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးလာခဲ့တာ ဖြစ်ပါတယ်။
စီးတီး အသင်းဟာ အင်္ဂလိပ်ဘောလုံးသမိုင်းတွင် ၄ ကြိမ်ဆက် အမှတ်ပေးဖလား ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
Daily Mail ရဲ့ ဖော်ပြမှုအရ မန်စီးတီးစတားများဟာ စာချုပ်အပေါ် မူတည်ပြီး ကိုယ်စီ ကွဲပြားတဲ့ ဆုကြေးငွေများ ရရှိလာကြမှာ ဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီး ကြယ်ပွင့်များဟာ ဆုကြေးငွေ ပေါင် ၂၀၀၀၀၀ မှ ပေါင် ၉၀၀၀၀၀ အကြား ရရှိလာကြမှာလည်း ဖြစ်ပါတယ်။
ကီဗင်ဒီဘရိုင်း၊ ဟာလန်းဟာလန်းတို့ကဲ့သို့ အသင်းရဲ့ ထိပ်တန်းကစားသမားအနည်းစုသာ ဆုကြေးငွေ အများဆုံး ရရှိလာကြမှာ ဖြစ်ပြီး အများစုက အနည်းငယ်သာ ရရှိလာကြပါမယ်။