ပရီးမီးယားလိဂ် စံချိန်တင် ဂိုးသမား ဖြစ်သွားတဲ့ အီဒါဆန်၊ အကောင်းဆုံးနည်းပြ ပက်၊ ဖိုဒန်ကို နေရာပေးမယ့် ဆောက်ဂိတ်နဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီး ဂိုးသမား အီဒါဆန်ဟာ မျက်လုံးဒဏ်ရာရရှိနေလို့ အခုနွေရာသီမှာကျင်းပမယ့် ကိုပါ အမေရိကပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်ရာသီအတွက် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာက ဆွတ်ခူးသွားခဲ့ပါတယ်။

ဒါ့အပြင် တိုကစ်စ်မှုး အာလင်း ဟာလန်း ကလည်း ရွှေဖိနပ်ဆုကို ၂ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကို အသင်း ဂန္တဝင်နည်းပြအဖြစ် နှုတ်ဆက် စကားဆိုသွားခဲ့ပါတယ်။

မန်စီးတီး တောင်ပံ ကစားသမား ဂရေးလစ်ချ်က အသင်းနဲ့ ဖလား ရယူနိုင်ခဲ့ပေမယ့် ကွင်းပြင်ပ ရုန်းကန်ခဲ့ရမှုတွေ ရှိကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ဂရီးလစ်ချ် ကတော့ သမိုင်းဝင်ဖလား ၄ လုံးချန်ပီယံဖြစ်ခဲ့တဲ့အထိမ်းအမှတ်အဖြစ် မန်ချက်စတာဘားမှာ မနက် ၅ နာရီအထိ အောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။

ဂွါဒီယိုလာက ပရီးမီးယားလိဂ် ရာသီပြီးဆုံးခဲ့ပြီဖြစ်တာကြောင့် ကစားသမားတွေကို လွတ်လပ်ခွင့်ပေးထားခဲ့တာဖြစ်ပါတယ်။ အဆိုပါအောင်ပွဲခံမှုထဲမှာ ရွှေဖိနပ်ပိုင်ရှင် ဟာလန်းနဲ့ ဒီဘရိုင်းတို့လည်း ပါဝင်ခဲ့တယ်လို့ သိရပြီး တက္ကစီပေါ်တောင်မနည်းတက်ခဲ့ရတယ်လို့ သတင်းတွေကဆိုပါတယ်။

မန်စီးတီးဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်ကတော့ မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်ဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာထက် သာလွန်ကောင်းမွန်နေသေးကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကတော့ လာမယ့်ယူရိုမှာ မန်စီးတီးတောင်ပံ ကစားသမားလေး ဖိုဒန်ကို နေရာပေးဖို့ ဆုံးဖြတ်ထားကြောင်း သတင်းရရှိပါတယ်။

မန်စီးတီးဂိုးသမား အီဒါဆင်ဟာ ပရီးမီးယားလိဂ်ဖလားကို အကြိမ်အများဆုံးရယူနိုင်တဲ့ ဂိုးသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ပြီဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းမှာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိကစားခဲ့သူ ရှမိုက်ကယ်ဟာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ရရှိခဲ့ပြီး အီဒါဆင်က ဒီရာသီမှာ ရှမိုက်ကယ်ရဲ့ ချန်ပီယံဆုအရေအတွက်ကို ၁ ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။