ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်သွားတဲ့ မြန်မာအသင်း

မလေးရှားနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ ISTAF SEPAKTAKRAW WORLD CUP တွင် မြန်မာအသင်းက အိန္ဒိယအသင်းကို အနိုင်ယူကာ ဆီးမီးဖိုင်နယ်အဆင့်ထံ တက်ရောက်သွားကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။

Myanmar အသင်းနှင့် India အသင်းတို့ပွဲတွင် Myanmar အသင်းမှ နှစ်ပွဲပြတ်အနိုင်ယူ၍ Semi Final သို့တက်ရောက်သွားခြင်းဖြစ်သည်။

မြန်မာစံတော်ချိန် နံနက် ၉ နာရီမှာ အားဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက်တို့၏ Double Event ပွဲအဖြစ် India အသင်းနှင့်ယှဥ်ပြိုင်သည့်ပွဲ၌ အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာစံတော်ချိန်နေ့လည် ၂ နာရီမှာ ဇင်ကို၊ ထူးအောင်ကျော်၊ ရှိန်းလေး၊ မင်းသန့်၊ ဖေငြိမ်းချမ်း တို့ပါဝင်သည့် REGU Event ပွဲအဖြစ် Indonesia အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။