ယူနိုက်တက်အတွက် အကျိုးဖြစ်မယ့် ဆန်းချက်ကို အပြီးသတ်ရောင်းမှုမှာ သဘောတူညီမှု တစ်ခုရဖို့လိုအပ်နေ
အီတလီဘက်က သတင်းတွေမှာတော့ ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်ကို ခေါ်ယူခွင့်ကို အင်တာမီလန်က အပြီးအပိုင် စွန့်လွှတ်ထားတာ မဟုတ်ပဲ ညိနှိုင်းမှုကို လက်ခံမယ်ဆိုရင် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူမယ်လို့ သိရပါတယ်။
အင်တာမီလန်က ဆန်းချက်စ်ကို ကစားသမားရဲ့ လုပ်ခကို မျှဝေတာဝန်ယူတဲ့ ပုံစံနဲ့ အငှားခေါ်ထားတာဖြစ်ပြီး ဆန်းချက်စ်ဟာ ယူနိုက်တက်မှာ တစ်ပတ်ကို ပေါင် ၅ သိန်းဝန်းကျင်ရှိတဲ့ စာချုပ်ကို ပိုင်ဆိုင်ထားတာဖြစ်တယ်။ ဒါပေမယ့်လည်း စီးရီးအေမှာ ခြေစွမ်းပြနိုင်ခြင်း နည်းပါးကာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ်ပဲ လုပ်ထားနိုင်တာဖြစ်ပါတယ်။
အင်တာဘက်ကတော့ ဆန်းချက်စ်အနေနဲ့ လုပ်ခလစာကို ထက်ဝက်လောက်ထိ လျော့ချပြီး ရယူဖို့ သဘောတူညီမယ်ဆိုရင် အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိတယ်လို့ သိရတယ်။ အသက် ၃၀ အရွယ် ဆန်းချက်စ်ကို လာမယ့်ရာသီ ကလပ်အသင်းရဲ့ အစီအစဉ်တွေမှာ အသုံးပြုသွားမယ်လို့ မန်နေဂျာဆိုးရှားက ထုတ်ပြောထားပါတယ်။
ယူနိုက်တက်ဘက်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် Adidas နဲ့ စာချုပ်အရ စပွန်ဆာကြေးတွေ လျော့နည်းလာဖို့ ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ကလပ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အမြင့်ဆုံး အသင်းတွေထဲမှာ ဒုတိယနေရာက ရပ်တည်နေသေးတာပါ။ ဒါကြောင့် အသင်းအတွက် အကျိုးဖြစ်မှုနည်းတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ လိုလာတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ပေါင် ၂ သိန်းပေးပြီး ခေါ်ယူဖို့ အစီအစဉ်ရှိပြီး ဒီကိစ္စ ဖြစ်မြောက်ဖို့ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆန်းချက်စ်ကို ရောင်းထုတ်မှုတွေ ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။
ZAWGYI
အီတလီဘက္က သတင္းေတြမွာေတာ့ ယူႏုိက္တက္တိုက္စစ္မွဴး ဆန္းခ်က္ကို ေခၚယူခြင့္ကို အင္တာမီလန္က အျပီးအပိုင္ စြန္႔လႊတ္ထားတာ မဟုတ္ပဲ ညိႏိႈင္းမႈကို လက္ခံမယ္ဆိုရင္ အျပီးသတ္စာခ်ဳပ္ျဖင့္ ေခၚယူမယ္လို႔ သိရပါတယ္။
အင္တာမီလန္က ဆန္းခ်က္စ္ကို ကစားသမားရဲ႕ လုပ္ခကို မွ်ေဝတာဝန္ယူတဲ့ ပံုစံနဲ႔ အငွားေခၚထားတာျဖစ္ျပီး ဆန္းခ်က္စ္ဟာ ယူႏုိက္တက္မွာ တစ္ပတ္ကို ေပါင္ ၅ သိန္းဝန္းက်င္ရွိတဲ့ စာခ်ဳပ္ကို ပိုင္ဆုိင္ထားတာျဖစ္တယ္။ ဒါေပမယ့္လည္း စီးရီးေအမွာ ေျခစြမ္းျပႏုိင္ျခင္း နည္းပါးကာ ကိုယ္တိုင္ ၁ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ပဲ လုပ္ထားနုိင္တာျဖစ္ပါတယ္။
အင္တာဘက္ကေတာ့ ဆန္းခ်က္စ္အေနနဲ႔ လုပ္ခလစာကို ထက္ဝက္ေလာက္ထိ ေလ်ာ့ခ်ျပီး ရယူဖို႔ သေဘာတူညီမယ္ဆိုရင္ အျပီးသတ္ ေခၚယူဖို႔ ဆႏၵရွိတယ္လို႔ သိရတယ္။ အသက္ ၃၀ အရြယ္ ဆန္းခ်က္စ္ကို လာမယ့္ရာသီ ကလပ္အသင္းရဲ႕ အစီအစဥ္ေတြမွာ အသံုးျပဳသြားမယ္လို႔ မန္ေနဂ်ာဆိုးရွားက ထုတ္ေျပာထားပါတယ္။
ယူႏုိက္တက္ဘက္ကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရဘူးဆိုရင္ Adidas နဲ႔ စာခ်ဳပ္အရ စပြန္ဆာေၾကးေတြ ေလ်ာ့နည္းလာဖို႔ ရွိေနပါတယ္။ ဒါ့အျပင္ လက္ရွိမွာလည္း ကလပ္အသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ လုပ္ခ အျမင့္ဆံုး အသင္းေတြထဲမွာ ဒုတိယေနရာက ရပ္တည္ေနေသးတာပါ။ ဒါေၾကာင့္ အသင္းအတြက္ အက်ိဳးျဖစ္မႈနည္းတဲ့ ကစားသမားေတြကို ရွင္းထုတ္ဖို႔ လိုလာတာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေပါင္ ၂ သိန္းေပးျပီး ေခၚယူဖို႔ အစီအစဥ္ရွိျပီး ဒီကိစၥ ျဖစ္ေျမာက္ဖို႔ဆိုရင္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ဆန္းခ်က္စ္ကို ေရာင္းထုတ္မႈေတြ ျပဳလုပ္ဖို႔ လိုအပ္တာျဖစ္ပါတယ္။