စီးတီးနဲ့ မန်ယူတို့ ဗိုလ်လုကြမယ့် အက်ဖ်အေဖလားပွဲ အတွက် ပရီးမီးယားလိဂ် ဝါရင့်ကြီးတွေက ခန့်မှန်းနေကြပါပြီ

မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဒီလာမယ့် စနေနေ့မှာတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် ဝင်ဘာလေကွင်းမှာ ထိပ်တိုက်တွေ့ကြတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း နဗီးနဲ့ ဂန်းနားဟောင်း အီရန်ရိုက်တို့က အက်ဖ်အေဖလား ဖိုင်နယ်ပွဲမှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်းကို ကြိုတင် ခန့်မှန်းလာပါတယ်။

သရဲနီဟောင်း ဂယ်ရီနဗီးက ‘ ကျနော်ကတော့ ယူနိုက်တက်က စီးတီးကို ပွဲချိန်တွင်း ၁-၁ သရေကျမယ် ထင်ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက် နိုင်သွားမှာပါ ’ လို့ ခန့်မှန်းခဲ့တာပါ။

ဂန်းနားဟောင်းကြီး အီရန်ရိုက်က နဗီး အဆိုကို သဘောမတူဘဲ ” ဂယ်ရီ ရဲ့ ယူနိုက်တက်က မန်စီးတီးကို မနိုင်ပါဘူး။ ယူနိုက်တက် အနိုင်ရဖို့ မရှိပါဘူး။ မင်းပြောတာကို ထောက်ခံပေးချင်ပေမယ့် ယူနိုက်တက် နိုင်မယ်လို့ ခံစားမိစရာ ဘာတစ်ခုမှ မရှိပါဘူး။

ရိုးရိုးသားသား ပြောရရင် ယူနိုက်တက်က မန်စီးတီးကို အနိုင်ရသွားတာမျိုးကို မြင်ရမယ်ဆိုရင် ငါ သိပ်ကို သဘောကျမိမှာပါ။ ” လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် စနေနေ့ အက်ဖ်အေဖလား ဖိုင်နယ်မှာတော့ မန်ချက်စတာ ကလပ်နှစ်သင်းကြား အားပြိုင်မှုမှာတော့ ဘယ်အသင်း အသာစီးရသွားမလဲ စိတ်ဝင်စားဖွယ်ဖြစ်ပြီး မန်စီးတီးကတော့ ပိုမို ရေပန်းစားနေမှာ ဖြစ်ပါတယ်။