မြန်မာနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ Miss Grand International ပြိုင်ပွဲအား ဖျက်သိမ်း

နိုင်ငံတကာအလှမယ်ပြိုင်ပွဲ (Miss Grand International) ကို မြန်မာနိုင်ငံမှာ မကျင်းပတော့ဘူးဆိုပြီး MGI ရဲ့ တရားဝင်ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ယခု ၂၀၂၄ခုနှစ်အတွက် Miss Grand International ပြိုင်ပွဲကို မြန်မာမှာ မကျင်းပတော့တာနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ပြောဆိုထားခြင်းမရှိတာဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလမှာ ကျင်းပဖို့ရှိတဲ့ Miss Grand International 2024 ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်နိုင်ငံကို ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဟွန်ဒူးရပ်စ်အလှမယ် Cecilia Garcia ဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒါ့ပြင် ဟွန်ဒူးရပ်စ်အလှမယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံရှိ ပြည်သူများ အေးချမ်းစေဖို့ကိုလည်း ဆုတောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Miss Grand International 2024 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအဖြစ် အလှမယ် သဲစုညိမ်းက ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေတာဖြစ်ပါတယ်။