ကိန်း၊ ပြန်လာတော့မယ့် ရပ်ဖိုဒ့်၊ ပေါ့ဘာ၊ အက်ဖ်အေပွဲလွဲမယ့် ဘစ်ဆာကာနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
အက်ဖ်အေပွဲမှာ ယူနိုက်တက် တိုက်စစ်သမားလေး ဂျိမ်းနဲ့ ညာအစွန်လူ ဘစ်ဆာကာတို့ ကြံ့ခိုင်မှု အခြေအနေအရ ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သတင်းထွက်နေပါတယ်။
အင်တာမီလန်ဘက်က ဆန်းချက်စ်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားဆဲဖြစ်ပေမယ် ချီလီ တိုက်စစ်မှူးဟာ တစ်ပတ်လုပ်ခကို ပေါင် ၂ သိန်းထိ လျော့ယူပေးရမှာဖြစ်ပါတယ်။
တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ ဒဏ်ရာနဲ့ ပတ်သက်လို့ ဆိုးရှား က ” သူ ဟာ ဒဏ်ရာ ပြသနာ တွေ ကနေ တက်နိုင် သမျှ အမြန်ဆုံး ပြန်လည် ပါဝင် ကစားပေး နိုင်ဖို့ အလို ရှိနေ ပါတယ်။ အကယ်လို့ သူဟာ ဧပြီလ လောက်မှာ ၊ ဒါမှမဟုတ် ရာသီ အကုန် လောက်မှာ ပြန်လည် ကစား ပေးနိုင်မယ် ဆိုရင် ဒါဟာ အသင်း အတွက် အရမ်း ကို ကောင်းမွန် ပါ လိမ့်မယ်။ ” ဆိုသွားပါတယ်။
ကွင်းလယ်လူ ပေါ့ဘာဟာ နောက်အပတ်မှာ အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပါတော့မယ်လို့ မန်နေဂျာဆိုးရှားက ထုတ်ပြောလိုက်ပါတယ်။ ဒါပေမယ့် ပွဲကစားခွင့်ကတော့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
နွေမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းပြောင်းဖွယ် ရှိနေပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အပြိုင် သူ့ကို ယူနိုက်တက်က ခေါ်ယူနိုင်စွမ်း ရှိနေဆဲလို့ သုံးသပ်မှုတစ်ခုကို တယ်လီဂရပ်က ပြုလုပ်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး Premier League Hall of Fame အတွက် ပထမဆုံး နှစ်ဦးကို သိပ်မကြာခင်မှာ ကြေညာတော့မှာဖြစ်ပြီး အဆိုပါ စာရင်းမှာ ရိုင်ယန်ဂစ် ပါဝင်သင့်တယ်လို့ ထောက်ခံမှုတွေ များပြားနေပါတယ်။
လီဗာပူးက ချယ်ဆီးကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီမှာ ယူနိုက်တက်ရဲ့ ၁၉၉၉ ခုနှစ် အသင်းလို ဆုဖလားသုံးလုံး အနိုင်ရအသင်း ဖြစ်လာဖို့ အိပ်မက်တွေ ပြိုကွဲသွားခဲ့ပြီဖြစ်ပါတယ်။
ကလပ်အသင်း ဝဘ်ဆိုဒ်ကနေပဲ ဘရူနိုက လိုချင် နေတဲ့ ချန်ပီယံ လိဂ် ဝင်ခွင့် တစ် နေရာ ရရှိ နိုင်ရေး အတွက် ဒီထက် ပိုတဲ့ ရူးသွပ်မှု တွေနဲ့ ပွဲစဉ် တွေကို ကစား နိုင်ဖို့ လိုအပ်ကြောင်း အသင်းဖော် တွေကို တိုက်တွန်း နှိုးဆော် သွားပါတယ်။
ZAWGYI