ဒီည ဝင်ဘာလေမှာ ကန်မယ့် မန်စီးတီး – မန်ယူ FA ဗိုလ်လုပွဲက ဘယ်လိုဂိုးရလဒ် ထွက်ပေါ်လာမလဲ ရွိုင်ကိန်း ခန့်မှန်းချက် ထုတ်

ဒီနေ့ စနေနေ့ ည မြန်မာစံတော်ချိန် ၈ နာရီခွဲ အချိန် မှာတော့ မန်ချက်စတာကလပ်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ဝင်ဘာလေမှာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားကြတော့မှပါ။

ဒီပွဲဟာ နည်းပြ အဲရစ် တန်ဟက်အတွက် ယူနိုက်တက်ကို ကိုင်တွယ်ခွင့်ရတဲ့ နောက်ဆုံးပွဲ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲကို အနိုင်ရခဲ့ရင် ယူနိုက်တက်ဟာ နောက်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ ပါဝင် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးအတွက်ကလည်း အက်ဖ်အေဖလားကို ၂ ရာသီဆက် အောင်မြင်ဖို့ အခွင့်အရေးဖြစ်ကာ မြို့ခံပြိုင်ဘက်ရဲ့ ဥရောပဝင်ခွင့်ကို တားဆီးနိုင်မယ့် ပွဲစဉ်ဖြစ်ပါတယ်။

သရဲနီဟောင်းကြီးတွေကတော့ အက်ဖ်အေဖလား ဖိုင်နယ်အတွက် ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေ ပြုလုပ်နေကြပြီ ဖြစ်ပြီး နဗီးလ်ကတော့ ယူနိုက်တက်က ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်ကာ ဗိုလ်စွဲမယ်လို့ ဆိုထားပါတယ်။

နဗီးရဲ့ အသင်းဖော်ဟောင်း ရွိုင်ကိန်းကတော့ အသင်းဟောင်း နိုင်မယ် ပြောဖို့ထက် လက်တွေ့ကျတဲ့ ရလဒ်ပဲ ထွက်လာမယ်လို့ မြင်နေပါတယ်။

ရွိုင်ကိန်းက ‘ စီးတီးက ၂-၁ ဒါမှမဟုတ် ၃-၁ နဲ့ အနိုင်ရမှာပါ။ ဒါပေမယ့် ကျနော်ရဲ့ ခန့်မှန်း မှားသွားဖို့ မျှော်လင့်ပါတယ် ’ လို့ ခန့်မှန်းသွားခဲ့ပါတယ်။