ယူနိုက်တက် နည်းပြ ဖြစ်လာနိုင်တဲ့ ရွန်းနီ၊ အက်ဖ်အေ ကွာတား မဲခွဲရလဒ်နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

ယူနိုက်တက်ဟာ မူလ ဂရိတ် ထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ အချိန် အတိုင်းအတာ တစ်ခု ယူရမှာ ဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီက သုံးသပ်လိုက်ပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာရာ ယူနိုက်တက်ဟာ ဒါဘီကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ပါက နောဝစ်ချ် အသင်းနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ နောဝစ်ဟာ စပါးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကွာတား တက်လာတာ ဖြစ်ပါတယ်။

ဒါဘီအသင်းမှာ ကစားသမား နည်းပြ အဖြစ် တာဝန်ယူနေတဲ့ ဝိန်းရွန်းနီဟာ တစ်နေ့နေ့မှာ မန်ချက်စတာ ယူနိုက်တက်မှာပါ နည်းပြ ဖြစ်လာနိုင်တယ်လို့ ယူနိုက်တက် နည်းပြ ဆိုးရှားက ဟောကိန်း ထုတ်လိုက်ပါတယ်။

စီးတီး ကွင်းလယ်သမား ဒီဘရိုင်းဟာ ညက ရှက်ဖီးဝမ်းနက်စ်ဒေးအသင်းနဲ့ အက်ဖ်အေဖလား ပွဲမှာ ဒဏ်ရာ ရှိနေလို့ မပါဝင်နိုင်ခဲ့တဲ့ အပြင် လာမယ့် ယူနိုက်တက်နဲ့ မန်ချက်စတာ ဒါဘီပွဲမှာလည်း ဆက်လက် လွဲချော်ဖွယ် ရှိကြောင်း ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

ရိုးမားမှာ အငှားသွားကစားရင်း ခြေစွမ်းပြနေတဲ့ ယူနိုက်တက် ခံစစ်မှူး စမောလင်းရဲ့ အခြေအနေကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အားရနေပြီး ယခင်က စမောလင်းကို ဝေဖန်ခဲ့မိတာ အတွက် နောင်တရမိကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်လာပြီးတည်းက အသင်းမှာ ရှိတဲ့ လူကုန်ကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ရိုင်ယန် ဂစ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ မူလ ဂရိတ္ ထိပ္တန္းအဆင့္ကို ျပန္ေရာက္ဖို႔ အခ်ိန္ အတိုင္းအတာ တစ္ခု ယူရမွာ ျဖစ္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ၀ိန္း ရြန္းနီက သံုးသပ္လိုက္ပါတယ္။

အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ မဲခြဲရလဒ္မ်ား ထြက္ေပၚလာရာ ယူနိုက္တက္ဟာ ဒါဘီကို အနိုင္ယူျပီး ေနာက္တစ္ဆင့္ တက္ေရာက္နုိင္ပါက ေနာ၀စ္ခ်္ အသင္းနဲ႕ ထိပ္တိုက္ေတြ႔မွာ ျဖစ္ပါတယ္။ ေနာ၀စ္ဟာ စပါးကို ပင္နယ္တီ အဆံုးအျဖတ္မွာ အနိုင္ယူျပီး ကြာတား တက္လာတာ ျဖစ္ပါတယ္။

ဒါဘီအသင္းမွာ ကစားသမား နည္းျပ အျဖစ္ တာ၀န္ယူေနတဲ့ ၀ိန္းရြန္းနီဟာ တစ္ေန႔ေန႔မွာ မန္ခ်က္စတာ ယူနိုက္တက္မွာပါ နည္းျပ ျဖစ္လာနုိင္တယ္လို႔ ယူနုိက္တက္ နည္းျပ ဆိုးရွားက ေဟာကိန္း ထုတ္လိုက္ပါတယ္။

စီးတီး ကြင္းလယ္သမား ဒီဘရိုင္းဟာ ညက ရွက္ဖီး၀မ္းနက္စ္ေဒးအသင္းနဲ႕ အက္ဖ္ေအဖလား ပြဲမွာ ဒဏ္ရာ ရွိေနလို႔ မပါ၀င္နုိင္ခဲ့တဲ့ အျပင္ လာမယ့္ ယူနိုက္တက္နဲ႕ မန္ခ်က္စတာ ဒါဘီပြဲမွာလည္း ဆက္လက္ လြဲေခ်ာ္ဖြယ္ ရွိေၾကာင္း ဂြာဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

ရိုးမားမွာ အငွားသြားကစားရင္း ေျခစြမ္းျပေနတဲ့ ယူနိုက္တက္ ခံစစ္မွဴး စေမာလင္းရဲ႕ အေျခအေနကို အဂၤလန္နည္းျပ ေဆာက္ဂိတ္က အားရေနျပီး ယခင္က စေမာလင္းကို ေ၀ဖန္ခဲ့မိတာ အတြက္ ေနာင္တရမိေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ကို ေရာက္လာျပီးတည္းက အသင္းမွာ ရွိတဲ့ လူကုန္ကို အရွိန္ျမွင့္တင္ေပးနိုင္ခဲ့ေၾကာင္း ရိုင္ယန္ ဂစ္က ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။