မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ စကားစလာခဲ့ပြီ ဖြစ်တဲ့ ပက် ဂွါဒီယိုလာ
မန်ချက်စတာ စီးတီးနည်းပြ ပပ် ဂွါဒီယိုလာက လာမည့်ရာသီအထိ မန်စီးတီးအသင်းမှာ ဆက်ရှိနေမှာဖြစ်ပေမယ့် ရာသီကုန်ရင်တော့ လက်ပြနှုတ်ဆက်ဖွယ် ရှိကြောင်း သတင်းစကားပါးခဲ့ပါတယ်။
“အမှန်အတိုင်းပြောရရင် နောက်ရာသီပြီးရင် ဆက်နေဖို့ထက် ကျွန်တော် ထွက်ခွာဖို့ ပိုနီးစပ်နေပြီ။ ကျွန်တော်တို့ ကလပ်နဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ ကျွန်တော့်ရဲ့ ခံစားချက်က ကျွန်တော် အခုဆက်နေချင်ပါတယ်။
လာမယ့်ရာသီမှာ ဆက်ရှိနေမှာဖြစ်ပြီး ရာသီအတွင်းမှာလည်း (အသင်းမှာဆက်နေမနေကို ထပ်ပြီး) စကားပြောသွားမှာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ခုနစ်ရာသီအတွင်း ဆဋ္ဌမမြောက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး မကြုံစဖူး လေးကြိမ်မြောက်လည်း ဆက်တိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြဟာ ၂၀၁၆ နွေရာသီမှာ မန်စီးတီးကို ရောက်ရှိလာကတည်းက မန်စီးတီးမှာ စုစုပေါင်း ဆုဖလား ၁၅ ခု ရရှိထားပြီး သူ့ရဲ့ မန်စီးတီးနဲ့စာချုပ်က သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာပါပြီ။
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂွါဒီယိုလာနှင့်မန်စီးတီးတို့ရဲ့ စာချုပ်သည် လာမည့်နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မန်စီးတီးအသင်းအနေဖြင့် ၎င်းအား ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိသော်လည်း ဂွါဒီယိုလာကတော့ စာချုပ်သစ်အတွက် ပြတ်ပြတ်သားသား မပြောရသေးပေမယ့် ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောခဲ့တာဖြစ်ပါတယ်။