ရိုနယ်ဒို မဟုတ်ဘဲ ဂစ်ရွေးချယ်လိုက်တဲ့ အကောင်းဆုံး ယူနိုက်တက် အသင်းဖော်
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ရိုင်ယန်ဂစ်ကတော့ သူနဲ့ အိုးထရက်ဖို့ဒ်မှာ အတူ တွဲဖက် ကစားဖူးတဲ့ အသင်းဖော်တွေထဲ အကောင်းဆုံးက နာမည်ကျော် ခရစ္စတီယာနို ရိုနယ်ဒို မဟုတ်ဘဲ ပေါစခိုးလ်သာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ဝေးစ်လက်ရွေးစင် ကစားသမား ဂစ်ဟာ ၁၉၉၀ မှာ ယူနိုက်တက် ကစားသမား ဘ၀ စတင်ခဲ့ပြီး ၂၀၁၄ မှာ တစ်ခန်းရပ်ခဲ့တာ ဖြစ်ပါတယ်။ ဂစ်က သူ့အချိန်ကာလမှတော့ အင်္ဂလန်ဘောလုံး သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ကစားသမား ဖြစ်ပြီး ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ၁၃ ကြိမ် ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။
” စခိုးလ်က ကျနော်နဲ့ အတူကစားဖူးတဲ့ ယူနိုက်တက် အသင်းသားတွေထဲ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ လူတွေက ဘာဖြစ်လို့လဲ မေးကောင်း မေးကြမယ်။ ရီးရဲလ်မက်ဒရစ်မှာရော ဂျူဗင်တပ်နဲ့ အတူရော၊ ပေါ်တူဂီအသင်းမှာပါ အစွမ်းပြတဲ့ ရိုနယ်ဒိုကို ဘာလို့ မရွေးလဲ မေးခွန်းတွေ ရှိကြမယ်။ ဒါပေမယ့် ကျနော် ပြောနိုင်တာကတော့ ကျနော် တွဲကစားဖူးတဲ့ထဲ အကောင်းဆုံးကတော့ စခိုးလ်ပါ။
သူ့လို တခြား ကစားသမား မရှိဘူး။ ကျနော် ဘောလုံးသမား တစ်ယောက် အကောင်းဆုံး အနေအထား ရောက်ရင် ဘာတွေ လုပ်ပြနိုင်မလဲ စဉ်းစားတယ်။ ဒါပေမယ့် စခိုးလ်လိုတော့ ကျနော် လုပ်မပြနိုင်ဘူး။ အသင်းမှာ သူ စပါဝင်ကစားတုန်းက သူက ခပ်ငြိမ်ငြိမ်နေတဲ့ ကစားသမားပါ။ သူက သူ့ဘောလုံးကစားတာနဲ့ပဲ စကားပြောတယ်။
စခိုးလ်က သူ ဘောလုံး ရတာနဲ့ မင်းကို ပြေးလွှားပြီး ဘောလုံးလက်ခံစေဖို့ လုပ်လိမ့်မယ်။ လှည့်တောင် မကြည့်ဘဲ ဒါမျိုး သူ လုပ်နိုင်တယ်နော်။ နောက်ပြီး လိုချင်တဲ့နေရာကို ကွက်တိ ဘောလုံး တင်ပေးလိမ့်မယ်။ ” လို့ ဂစ်က စခိုးလ်ရဲ့ အရည်အချင်းတွေကို ဖွင့်ဟ ချီးကျူးခဲ့ပါတယ်။
ရိုနယ်ဒိုက အိုးထရက်ဖို့ဒ်မှာ ၆ နှစ်တာ ကစားသွားခဲ့သူ ဖြစ်ပြီ ဂစ်နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ အတူ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အတူ ဗိုလ်စွဲခဲ့ပါတယ်။ ရိုနယ်ဒိုကလည်း ပရီးမီးယားလိဂ် သမိုင်းတလျောက် အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်ကာ အခုထိ လျှမ်းလျှမ်းတောက်နေပေမယ့် ဂစ်ကတော့ ပေါ်တူဂီသားထက် စခိုးလ်က သာတယ်လို့ ယုံကြည်နေပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ ဂႏၱ၀င္ကစားသမားၾကီး ရိုင္ယန္ဂစ္ကေတာ့ သူနဲ႕ အိုးထရက္ဖို႔ဒ္မွာ အတူ တြဲဖက္ ကစားဖူးတဲ့ အသင္းေဖာ္ေတြထဲ အေကာင္းဆံုးက နာမည္ေက်ာ္ ခရစၥတီယာနို ရိုနယ္ဒို မဟုတ္ဘဲ ေပါစခိုးလ္သာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။
ေ၀းစ္လက္ေရြးစင္ ကစားသမား ဂစ္ဟာ ၁၉၉၀ မွာ ယူနိုက္တက္ ကစားသမား ဘ၀ စတင္ခဲ့ျပီး ၂၀၁၄ မွာ တစ္ခန္းရပ္ခဲ့တာ ျဖစ္ပါတယ္။ ဂစ္က သူ႔အခ်ိန္ကာလမွေတာ့ အဂၤလန္ေဘာလံုး သမိုင္းမွာ မွတ္တမ္းတင္ရမယ့္ ကစားသမား ျဖစ္ျပီး ယူနိုက္တက္နဲ႕ အတူ ပရီးမီးယားလိဂ္ ၁၃ ၾကိမ္ ဆြတ္ခူးခဲ့သူ ျဖစ္ပါတယ္။
” စခိုးလ္က က်ေနာ္နဲ႕ အတူကစားဖူးတဲ့ ယူနိုက္တက္ အသင္းသားေတြထဲ အေကာငး္ဆံုးလို႔ ဆိုနိုင္ပါတယ္။ လူေတြက ဘာျဖစ္လို႔လဲ ေမးေကာင္း ေမးၾကမယ္။ ရီးရဲလ္မက္ဒရစ္မွာေရာ ဂ်ဴဗင္တပ္နဲ႕ အတူေရာ၊ ေပၚတူဂီအသင္းမွာပါ အစြမ္းျပတဲ့ ရိုနယ္ဒိုကို ဘာလို႔ မေရြးလဲ ေမးခြန္းေတြ ရွိၾကမယ္။ ဒါေပမယ့္ က်ေနာ္ ေျပာနုိင္တာကေတာ့ က်ေနာ္ တြဲကစားဖူးတဲ့ထဲ အေကာင္းဆံုးကေတာ့ စခိုးလ္ပါ။
သူ႔လို တျခား ကစားသမား မရွိဘူး။ က်ေနာ္ ေဘာလံုးသမား တစ္ေယာက္ အေကာငး္ဆံုး အေနအထား ေရာက္ရင္ ဘာေတြ လုပ္ျပနိုင္မလဲ စဥ္းစားတယ္။ ဒါေပမယ့္ စခိုးလ္လိုေတာ့ က်ေနာ္ လုပ္မျပနိုင္ဘူး။ အသင္းမွာ သူ စပါ၀င္ကစားတုန္းက သူက ခပ္ျငိမ္ျငိမ္ေနတဲ့ ကစားသမားပါ။ သူက သူ႔ေဘာလံုးကစားတာနဲ႕ပဲ စကားေျပာတယ္။
စခိုးလ္က သူ ေဘာလံုး ရတာနဲ႕ မင္းကို ေျပးလႊားျပီး ေဘာလံုးလက္ခံေစဖို႔ လုပ္လိမ့္မယ္။ လွည့္ေတာင္ မၾကည့္ဘဲ ဒါမ်ိဳး သူ လုပ္နုိင္တယ္ေနာ္။ ေနာက္ျပီး လိုခ်င္တဲ့ေနရာကို ကြက္တိ ေဘာလံုး တင္ေပးလိမ့္မယ္။ ” လို႔ ဂစ္က စခိုးလ္ရဲ႕ အရည္အခ်င္းေတြကို ဖြင့္ဟ ခ်ီးက်ဴးခဲ့ပါတယ္။
ရိုနယ္ဒိုက အိုးထရက္ဖို႕ဒ္မွာ ၆ နွစ္တာ ကစားသြားခဲ့သူ ျဖစ္ျပီ ဂစ္နဲ႕ အတူ ပရီးမီးယားလိဂ္ ဖလား ၂ ၾကိမ္၊ ခ်န္ပီယံလိဂ္ ၁ ၾကိမ္နဲ႕ အတူ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႕ ကလပ္ ကမၻာ့ဖလား ျပိဳင္ပြဲေတြမွာ အတူ ဗိုလ္စြဲခဲ့ပါတယ္။ ရိုနယ္ဒိုကလည္း ပရီးမီးယားလိဂ္ သမိုင္းတေလ်ာက္ အေကာင္းဆံုး ကစားသမားေတြထဲ ပါ၀င္ကာ အခုထိ လွ်မ္းလွ်မ္းေတာက္ေနေပမယ့္ ဂစ္ကေတာ့ ေပၚတူဂီသားထက္ စခိုးလ္က သာတယ္လို႕ ယံုၾကည္ေနပါတယ္။