ဖီးလစ်ကို ခေါ်ချင်တဲ့ အဲဗာတန်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဘာစီလိုနာ၊ ၂ခါ ပြုတ်ကျခါနီး ဖြစ်ခဲ့တဲ့ ဂရေးလစ်ချ် အပါအဝင် မန်စီးတီး သတင်းတိုများ

အဲဗာတန်အသင်း ဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးထံမှ ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်အား အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

ဖီးလစ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီတွင် လိဒ်မှ မန်စီးတီးသို့ ပေါင် ၄၅ သန်းဖြင့် ပြောင်းခဲ့ပေမဲ့ အီဟီဟတ်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရမှုနှင့်အတူ ပြီးခဲ့တဲ့ ရာသီဝက်အား ဝက်စ်ဟမ်းသို့ အငှားဖြင့် သွားရောက်ကစားခဲ့ပါတယ်။

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာတစ်ယောက် လာမယ့်ရာသီအကုန် အသင်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်ထားကြောင်း သတင်းထွက်နေပါတယ်။

ဒါကြောင့်လည်း မန်စီးတီးဘက်က နောက်နှစ် နွေမှာ ခန့်အပ်ဖို့ နည်းပြသစ်တွေ အခုတည်းက စိစစ် ရှာဖွေနေပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား မြို့ပတ် အောင်ပွဲခံမှုအစီအစဉ်မှာ တောင်ပံ ကစားသမား ဂရေးလစ်ချ် တစ်ယောက် ကားပေါ်မှ ပြုတ်ကျလုနီးပါး ၂ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မန်စီးတီး ကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူလိုနေဆဲ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်စီးတီးစတားများ ဖြစ်ကြတဲ့ ကီဗင်ဒီဘရိုင်းနှင့် ဂျီရီမီဒိုကူတို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံလူစာရင်းတွင် ရွေးချယ်ခံထားရပါတယ်။