ယူနိုက်တက်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံးဖြစ်ပေမယ့် ကလပ်ကို တစ်ဂိုးမှ ပြန်မသွင်းထားနိုင်တဲ့ ဝိန်း
ယူနိုက်တက်ပရိသတ်တွေအတွက် ဒီအပတ်က ပျော်ရွှင်စရာနဲ့ လွမ်းဆွှတ်စရာတွေ ပြည့်နှက်နေမယ့် သီတင်းပတ်တစ်ခု ဖြစ်လာပါတော့မယ်။
ကလပ်အသင်းခေါင်းဆောင်ဟောင်းနဲ့ ကလပ်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးကြီး ဝိန်းရွန်းနီက ပြိုင်ဘက်အဖြစ်နဲ့ ယူနိုက်တက်ကို ပြန်လည်ရင်ဆိုင်တာကို တွေ့ရတော့မှာပါ။ သတင်းကောင်းကတော့ ဒီတစ်ကြိမ် ရင်ဆိုင်ရမှာက အိုထရတ်ဖိုဒ့်မှာ မဟုတ်ပဲ ဒါဘီကွင်းမှာ ဖြစ်နေတာပါပဲ။
ဒါဘီအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဝိန်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ ယူနိုက်တက်နဲ့ ပြိုင်ဘက်အဖြစ် ၆ ကြိမ် တွေ့ဆုံဖူးပြီး တစ်ကြိမ်မှတော့ ဂိုးရယူနိုင်ခြင်း မရှိပါဘူး။ အဆိုပါထဲက လေးပွဲကဆိုရင် ၂၀၀၄ ခုနှစ်က ယူနိုက်တက်ကို မပြောင်းခင် အဲဗာတန် ကစားသမားဘဝနဲ့ ၄ ကြိမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အဲဗာတန်ကို ပြန်လည် ပြောင်းရွှေ့ပြီးနောက် ၂ ကြိမ် ဖြစ်ပါတယ်။
ရွန်းနီကတော့ သူဟာ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်တာကြောင့် သူ့ရဲ့ တာဝန်ကို လေးစားစွာပဲ ယူနိုက်တက်နဲ့ ရင်ဆိုင်တဲ့ပွဲကို အနိုင်ရဖို့ ကစားပါမယ်လို့ ဝန်ခံထားပါတယ်။
ဝိန်းကပဲ ” ယူနိုက်တက်မှာ ကစားခဲ့ရတဲ့ မိနစ်တိုင်းကို မြတ်နိုးမိပါတယ်။ ဒါပေမယ့် ကျနော်က ဒါဘီအသင်းသား ဖြစ်နေပါပြီ။ ဒါဘီအသင်းနဲ့ အနိုင်ရလိုပါတယ်။ ဒီပွဲ ကစားရမယ့် မိနစ် ၉၀ (သို့) မိနစ် ၁၂၀ မှာတော့ ကျနော်ဟာ ဒါဘီအသင်းသားအဖြစ် ယူနိုက်တက်ကို အရေးနိမ့်စေလိုပါတယ်။ ကျနေ်ာ ဒါဘီနဲ့ အနိုင်ရလိုတာကို လူတိုင်း နားလည်ကြမှာပါ။
ပွဲပြီးသွားရတော့ ကျနော်က ယူနိုက်တက် ပရိသတ်တစ်ဦး ဖြစ်သွားပါလိမ့်မယ်။ ဒီပွဲပြီးရင်တော့ ကျနော်က အရင်လိုပဲ ယူနိုက်တက်ကို ပွဲတိုင်း အနိုင်ရတာမျိုး ပြန်မြင်လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
ZAWGYI