ဖိုဒန်၊ ဟာလန်းတို့ အပါအဝင် လာမယ့် ၁၅ နှစ် အတွင်း Ballon d’Or ဆုရမယ့်သူများကို AI ဟောကိန်းထုတ်

ဒီနောက်ပိုင်းမှာ တစ်ခေတ်ဆန်းလာတော့ AI နည်းပညကတော့ လာမယ့် ၁၅ နှစ်အတွင်း Ballon d”Or ဆွတ်ခူးလာမဲ့ စူပါစတားများကို ဟောကိန်းထုတ်လာပါတယ်။

ဒါပေမဲ့ AI ဟောကိန်းထုတ်လာတဲ့ အနာဂတ် Ballon d’Or ဆုရှင်တွေထဲမှာ အငြင်းပွားစရာ ဆုရှင်တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

Ballon d’Or ဆုကို နှစ်စဉ်နှစ်တိုင်း French Football မဂ္ဂဇင်းက ကမ္ဘာ့နေရာအနှံ့အပြားမှ ဂျာနယ်လ်ပေါင်း ၁၀၀ ကျော်ရဲ့ မဲဖြင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ချီးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

မဲပေးရာတွင် ကစားသမားရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်နှင့် အသင်းအောင်မြင်မှုတို့အပေါ် မူတည်ပြီး မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် Ballon d’Or ဆုအများဆုံးရရှိထားသူအဖြစ် အင်တာမိုင်ယာမီနှင့် အာဂျင်တီးနားစူပါစတား လီယွန်နယ်မက်ဆီက ၈ ကြိမ်ဖြင့် ရပ်တည်နေပြီး ခရစ္စတီယာနိုရော်နယ်ဒိုက ၅ ကြိမ်ဖြင့် ရပ်တည်နေပါတယ်။

၂၀၂၄ ခုနှစ်အတွက် Ballon d’Or ဆုအတွက် ရီးရဲလ်မက်ဒရစ်စူပါစတားများဖြစ်ကြတဲ့ ဗီနီရှပ်စ်ဂျူနီယာနှင့် ဂျူ့ဘယ်လင်ဂမ်တို့ ရေပန်းစားနေပါတယ်။ ဒါ့အပြင် ယခုနွေရာသီတွင် ယူရို ၂၀၂၄ ပြိုင်ပွဲနှင့် ကိုပါအမေရိကပြိုင်ပွဲတို့ ရှိရာ ယင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းမှ ကစားသမားတို့လည်း ရရှိလာနိုင်ပါတယ်။

Ballon d’Or ဆုကို ခန့်မှန်းရခက်ခဲပေမဲ့လည်း ယခု AI ကတော့ ၂၀၃၈ ခုနှစ်အထိ လာမယ့် ၁၅ နှစ်အတွင်း ဆွတ်ခူးလာမဲ့ သူများကို ဟောကိန်းထုတ်လာပါတယ်။

AI က ၂၀၂၄ ခုနှစ်တွင် ဂျူ့ဘယ်လင်ဂမ်၊ ၂၀၂၅ ခုနှစ်တွင် ကိုင်လီယန်ဘက်ပေး၊ ၂၀၂၆ ခုနှစ်တင် လီယွန်နယ်မက်ဆီ၊ ၂၀၂၇ ခုနှစ်တွင် ဖီးလ်ဖိုဒန်၊ ၂၀၂၈ ခုနှစ်တွင် ဂါဗီ၊ ၂၀၂၉ ခုနှစ်တွင် အာလင်းဟာလန်း၊ ၂၀၃၀ ခုနှစ်တွင် ဗီနီရှပ်စ်ဂျူနီယာ၊ ၂၀၃၁ ခုနှစ်တွင် အီဗန့်ဖာဂူဆန်၊ ၂၀၃၂ ခုနှစ်တွင် ဖလိုရီယန်ဝါ့ဇ်၊ ၂၀၃၃ ခုနှစ်တွင် ဂျာမယ်မူစီယာလာ၊ ၂၀၃၄ ခုနှစ်တွင် ကိုင်လီယန်ဘက်ပေး၊ ၂၀၃၅ ခုနှစ်တွင် အီဗန့်ဖာဂူဆန်၊ ၂၀၃၆ ခုနှစ်တွင် လာမိန်းယာမယ်၊ ၂၀၃၇ ခုနှစ်တွင် လာမိန်းယာမယ်၊ ၂၀၃၈ ခုနှစ်တွင် အာဒါဂူလာတို့ Ballon d’Or ဆွတ်ခူးလာမယ်လို့ ခန့်မှန်းလာပါတယ်။

AI ရွေးချယ်လာတဲ့ Ballon d’Or ဆုရှင်များတွင် တုန်လှုပ်စရာကောင်းတဲ့ ရွေးချယ်မှုက ၂၀၂၆ ခုနှစ်တွင် အသက် ၃၈ နှစ်ရှိ လီယွန်နယ်မက်ဆီ ဆွတ်ခူးလာမယ်လို့ ခန့်မှန်းလာတာပါ။

AI ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားတို့ ချန်ပီယံဘွဲ့ကာကွယ်နိုင်မှုနဲ့အတူ မက်ဆီကို ဆွတ်ခူးလာမယ်လို့ ဟောကိန်းထုတ်လာတာလို့ ယူဆရပါတယ်။ ဒါပေမဲ့ ယင်းကာလတွင် မက်ဆီမှာ အသက် ၄၀ နှစ်သို့ ရောက်ရှိနေမှာ ဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ အနားယူထားပြီးဖြစ်လာဖို့ ရှိနေပါတယ်။

တဖက်တွင် AI က ဘရိုက်တန်တိုက်စစ်မှူးအီဗန့်ဖာဂူဆန်ကို ကိုင်လီယန်ဘက်ပေးနှင့်အတူ Ballon d’Or ၂ ကြိမ်ဆွတ်ခူးမယ်လို့ ခန့်မှန်းလာမှုက အငြင်းပွားစရာ ဖြစ်နေပါတယ်။

ဒါပေမဲ့ အာဒါဂူလာ၊ လာမိန်းယာမယ်တို့ကို အနာဂတ် Ballon d’Or ဆုရှင်များအဖြစ် ရွေးချယ်လာမှုအပေါ်မှာတော့ အငြင်းပွားစရာ သိပ်မရှိပါဘူး။ ယင်းလူငယ်ပါရမီရှင်နှစ်ဦးလုံးတို့က ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့မှာ အသီးသီး ခြေစွမ်းပြနေပြီး အနာဂတ် စူပါစတားလောင်းတွေ ဖြစ်ကြပါတယ်။